Professional Authors

တစ်ယောက်ထဲသာ

တစ်ခွန်းရှိတယ်

တစ်သက်စာ အတွက်

မနက်ဖြန်တိုင်း နွေးထွေးမယ်

မနေ့က စလို့ပေါ့

လက်ရှိမှာ တောက်ပတယ်

ရင်ထဲသို့ တိုးဝင်ဖို့ ဆိုပါတော့

ဒီအကြင်နာ မလျှော့ကြေး

ဒီမေတ္တာကို ဆထက်တိုး

ပြဿနာတွေ တိုက်ခိုက်လို့

မဖြောင်းမှန်းသိသိ ဇွတ်ကိုတိုးမယ်

ခပ်ကြမ်းကြမ်းနှင်မှ ဘ၀အကြောင်းသိမှာပေါ့

ငါ့မှားရင် နင်ပြင်ပေး

နင်မှားရင် ဖေးမမယ်

ဒုက္ခတွေကြား ယုယလို့

သုခ တစ်ခုရှာဖွေစို့

ကျတတ်တဲ့ စိတ်ဓာတ်ကို ဆွဲဆွဲတင်

ဖြစ်တတ်တဲ့ လွဲချော်မှု တည့်တည့်ပြင်

ရင်နဲ့ ရင်းလို့ ချစ်ကြမယ်

ပြောချင်စကား တစ်ခွန်းရယ်

“ နင့် တစ်ယောက်ထဲသာ ချစ်ပါ့မယ် “

In: ကဗျာ Posted By: Date: Sep 29, 2011
Comment #1

ကောင်းတယ်ဗျ။အဲလိုပဲဖြစ်သင့်တယ်လေ….။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 29, 2011
Comment #2

ငါ့မှားရင် နင်ပြင်ပေး

နင်မှားရင် ဖေးမမယ်…

အဲ့ဒီ့စာသားလေးကြိုက်တယ်ဗျာ…

commentinfo By: နွေဦးသစ် at Sep 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment