Professional Authors

ကျွန်ုပ် ၏ မဟာစစ်ဆင်ရေး

ရင်ခုန်သံတို့သည်
ရင်ဘက်က ထွက်လာသည် ဖြစ်ပေမယ့်
ကျွန့်တော့်တစ်ကိုယ်လုံး
နတ်ပူးသကဲ့သို့
တုန်ရီနေချေရဲ့….။
လွှမ်းခြုံထားတဲ့
အချစ်စိတ်
တစ်ကိုယ်လုံးရစ်ပတ်
နောက်ဆုံးတော့
ပါးစပ်မှ ထွက်လာဖို့
ဒင်းကြံချေပြီ…..။
အချစ်နဲ့ ပါတ်သတ်ရင်
သွေးကြောင်တတ်တဲ့
ကျွန်တော့်အဖို့
လက်တွေက
တုန်ရီနေချေပြီ
ရေခဲတုန်း တို့အစား
လက်ဖ၀ါးတို့က
အစားထိုး အေးမြနေပြီ……။
သူလာမည့်လမ်း
ထောင့်စွန်းက
ကျွန်တော်နေရာ
တစ်ယောက်တည်း
စောင့်မြဲစောင့်ပေါ့
သူမ အလုပ်ချိန်
သူမ ပြန်ချိန် ရေတွက်နေတဲ့
နာရီ မိနစ် တစ်ချို့ကို
ကျွန်တော် မနိုင်သည်က အမှန်
လန့်သည့်
သို့ပေမယ့်
ခပ်တည်တည် ပြန်နေလိုက်သည်….။
နံဘေးက ခွေး
ကျွန်တော်ကို ပြီတည်တည်နှင့်ကြည့်
တစ်ချက် ၀ုဗ် ကြည့်သည်
ကျွန်တော်က မလှုပ်
ကျောက်ရုပ်ထင်သွားလို့
သေးပေါက်ရန်လာသည်
မနဲပြန်မောင်း လွှတ်ကသေးသည်……….။
ကဲ ………လေတွေတိုက်ချေပြီ
သူမ ဆွတ်ထားသော
ရေမွှေးနံ
ကျွန်တော့် အရှိုက်သို့
ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာချေပြီ…..။
လှလိုက်သည့် မိန်းကလေးဗျာ
ဘယ်လိုပဲ ကြည့်ကြည့်
လှသည်က သေချာသည်
ကျွန်တော်သူ့ကို မြတ်နိုးသည်
တွယ်တာသည်
ခုံမင်သည်
ချစ်သည်
ထို သူငယ်မ သည်
ကျွန်တော်ကို
တွေ့မြင် စဉ်
မခို့တခို့
သွားကလေးပေါ်ရုံ
ပြုံး တုံတုံလေး လုပ်သည်………….
လှလိုက်သည့် သွားကလေးဗျာ
ပုလဲ ကလေး တွေ
စီထားတာကျနေတာပဲ
ကျွန်တော်ကို မကျေနပ်
ထပ်မံစမ်းသပ်ရန်
ချောင်းနေသည့်
ကို ခွေးလာပြီး
ကျွန်တော်ခြေထောက်ကို
လာနမ်းနေချေရဲ့
နှလုံးသားနဲ့မျက်လုံးကလွဲပြီး
ကျန်တာရပ်တန့်သွားတဲ့
ကျွန်တော်ကို သူက ကျင်ငယ်စွန့်ရန်ကပ်လာပြန်သည်
ဟာ……….ဒီခွေး….
သူမက လက်ကလေးကို ကာ
ရယ်ပြန်သည်
ချိုင်ကလေးကိုလဲ လွှဲရင်းပေါ့
ကျွန့်တော့ရှေ့ကဖြတ်သွားသည်………။
ကျွန်တော့်နားဝယ်
ကျွန်တော်ကြားစေနိုင်သော
အသံလေးဖြင့်
မခို့တရို့ရယ်ပြန်သည်
ထိုသည်တို့က
ကျွန်ုပ်၏ လည်ပတ်ကြိုးဖြစ်သည်
ကျွန်ုပ်လည်း သခင်မ နောက်သို့
အမြီးတရန်းရန်းဖြင့်
လိုက်သွားချေပြီ
……….။
ကျင်ငယ်စွန့်မည့်ကောင်လည်း
ကျွန်တော့်မရတော့
ကျွန်တော်မှီနေတဲ့
ဓါတ်တိုင်ကို ရနှ်ရှာချေတော့သည်
သွားနှင့် ပြီ ငါ့အကောင်ရေ
အဖြေရရင်
မင်း အတွက်နံပြားနဲ့ ကြက်သားသာ
မှတ်ထားတော့ငါ့အကောင်ရေ………..။

In: ကဗျာ Posted By: Date: Sep 29, 2011
Comment #1

အားပေးသွားပါတယ် !! Love it

commentinfo By: Mike.aung at Sep 29, 2011
Comment #2

မိုက်တယ်ဗျ

Comment #3

he,,he,,
a yan daw de,
myat lone hte hmar paw lar aung ko yae tat de,

commentinfo By: ei lay at Dec 15, 2011
Comment #4

I love it……………..
Sweet poem par

commentinfo By: kgkg at Dec 18, 2011
Comment #5

read again par.
really funny.
thz so much

commentinfo By: ei lay at Dec 18, 2011
Comment #6

Nice. creation.

commentinfo By: ei lay at Dec 19, 2012
Comment #7

ဟိုက် ! ရီရသဗျ ကဗျာက ~~

commentinfo By: X - ray at Dec 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment