Professional Authors

အဲဒီ အဖြစ်အပျက်များ (မိုဃ်းဇော်)

ကိုယ့်မျက်နှာကို
လူမြင်မှာစိုးတာနဲ့
ရေချိုးခန်းထဲ ဝင်ငိုခဲ့
ရှိုက်ကြီးတငင်။

ငိုသံကို အပြင်လူကြားမှာ စိုးတာနဲ့
ရေပိုက်ခေါင်းကို ကိုယ်ဖွင့်ခဲ့။

ပါးပြင်မှာ ပူနွေးနွေး
ရေသံမှာ တစ်စက်ကလေးမှ ခံစားချက်မရှိဘူး။

လူဖြစ်လျက်နဲ့လုံးလုံး
အဆုံးအရှုံးကြီးခဲ့ပါတယ် ဘဝရယ်
ကိုယ်မမြင်ရတဲ့ တောင်စွယ်မှာ
နှင်းတွေ ဝေတုန်းမို့လား။       ။

မိုဃ်းဇော်

Comment #1

ကျောလေးက တိတ်တဆိတ်ငိုကြွေးနေတဲ့ လူတစ်ယောက်ရဲ့အဖြစ်ကိုပေါ်လွင်စေတယ်…..ကျနော်လည်းအဲ့လိုငိုခဲ့ဖူးတယ်

commentinfo By: Dino at Aug 4, 2012
Comment #2

me too,,secretly cry,
sometimes,,ei ka a kye g ko aww ngo pyit dar

commentinfo By: ei lay at Aug 4, 2012
Comment #3

လက်ခံကြည့်ပါမယ်။ သို့တည်းမဟုတ် နားထောင်ပေးပါမယ်။

commentinfo By: soe at Oct 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment