Professional Authors

★ စိတ်၏စေရာ မလွန်ဆန်နိုင်တဲ့အခါ ♪♫

ညလေပြေညှင်း သဲ့သဲ့တိုက်ခက်သတိရခြင်းနဲ့ အလွမ်းဓါတ်တွေသယ်ဆောင်ခဲ့လေပြီသစ်ရွက်ပမာ မခိုင်တဲ့ငါ့စိတ်လေပြေညှင်းနဲ့အတူ မင်းတယောက်ရှိတဲ့စီသို့မျောလွင့်ကြွေကြသွားရှာလေပြီ.

….။ စွဲလန်းစိတ်တခုကြောင့်မင်းအပေါ်ကို သတိရခြင်းလေပြေညှင်းလေးတိုက်ခက်ပေးမိရင်လည်းဒီလေပွေရူးဆော့မြူးနေတယ်လို့ မင်းထင်ကြေးပေးနေမလား….။ သတိရတယ်ဆိုတာစိတ်ရဲ့စေခိုင်းမှုလို့ နားလည်ထားပေမယ့်မင်းအကြောင်းတွေးမိတိုင်းငါ့ရဲ့အတွေးနယ်ချဲ့ချင်တဲ့စိတ် ဘယ်လိုမှထိန်းချုပ်မရခဲ့ဘူးငါနင့်ကို အရမ်းသတိရနေတယ်ဟာ…..။ ခင်မင်မှုထက် တဆင့်တိုးချစ်ရေးဆိုမယ် အားတင်းထားတိုင်းမင်းတုန့်ပြန်လာမယ့်အဖြေတခု အကောင်းအဆိုးငါခံနိုင်ရည်ရှိအောင် အားမွေးနေတယ်အချစ်ဆိုတဲ့ဘာသာစကားကခင်မင်မှုကနေအစပျိုး သံယောဇဉ်တွေတိုးလာတော့အချစ်ရုပ်ကြွင်း ဖြေးညှင်းစွာထင်ရှားလာတယ်ခင်မင်မှုကနေစ အချစ်ရဲ့အဓိပ္ပါယ်ဖြစ်သွားတယ်ဆိုတာနားလည်ပေးပါ…..။ နေ့စဉ်ညတိုင်း မင်းအကြောင်းတွေးလို့ရင်ခုန်သံတွေမြိုသိပ်ထားရတာလည်းယနေ့အချိန်ထိပေါ့မင်းအတွက်ငါသိမ်းဆည်းထားတဲ့ရင်းတွင်းစကားတွေ ပွင့်အံလာတဲ့တနေ့ရွှေရင်အစုန်ကို နွေရူးလေပူလာတိုက်ခက်တယ်လို့မင်းထင်သွားမလား ဆိုးထိတ်မိတယ်စွဲလန်းမိတဲ့ငါ့ရဲ့စိတ်ကို မလွန်ဆန်နိုင်တော့လည်းနေလိုပူတဲ့ ခံစားချက်တွေနဲ့မင်းအချစ်ကို မျှော်လင့်လျှက်နဲ့ပေါ့….။..။.။
In: ကဗျာ Posted By: Date: Sep 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment