Professional Authors

တမိုးအောက်

ပြာရောင် မိုးသားအောက်

နှစ်ယောက်တူ မရှိလည်း

အတူရှိခဲ့ဖူး

အရင်အချိန်တွေ တခါပြန်တွေးလိုက်ရင်

ဝေးနေပေမယ့်

တမိုးအောက်အတူရှိနေသလို…

သံစဉ်ချိုတေးသွားတွေကြား

လေနုအေးတိုက်ခတ်သွားချိန်

အပြုံးတွေပွင့်ဖူးလာသလို ခံစားမှုမျိုးလို…

ချစ်သူ မင်းအကြောင်းတွေက

ကိုယ့်ကို …ကိုယ့်ရင်ခွင်ကို

စိုးမိုးနိုင်လွန်းလှပါတယ်

တမိုးအောက်ခို

တမိုးအောက်ချိုသာမှုတွေ

တမိုးအောက်မှာ ပြိုပျက်မှာစိုးလို့

တမိုးအောက်ကို

ချစ်သူ

တို့အတူ ပြန်ခိုဝင်ရအောင်…

…………………………………မြူမင်းသွင်

In: ကဗျာ Posted By: Date: May 9, 2011
Comment #1

တမိုးအောက်ကို ခိုချင်နေပြီဗျို့

Leave Comments

Name*

Email*
Website
Email me whenever there is new comment