Professional Authors

လူနှင့်လူအကြောင်း

“ ကျုပ် လူ တစ်ယောက်ပါ ”

(ပရိတ်သတ်အချို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ပုခုံးတွန့်ပြုံးကြ)

 

“ တကယ်ပါ ကျုပ် လူ တစ်ယောက်ပါ ”

(ရယ်သံ တိုးတိုး ဟိုမှ သည်မှ ထွက်ပေါ်လာ)

 

(ဒေါသတကြီး စားပွဲကို လက်ဖြင့် ထုကာ)

“ လူအစစ်ဗျ . . . လူအစစ် ၊ ရီစရာမပါဘူး. . . ၊ အလကားလူတွေ . . .”

(ထိုလူ စင်ပေါ်မှဆင်းသွားသည် ၊ ခွက်ထိုးခွက်လန် ရယ်သံများ သောသောညံ)

 

“ ကျွန်တော် ခွေးတစ်ကောင်ပါ ”

(ရယ်သံ တိတ်သွား ၊ သဲသဲကွဲကွဲ မကြားလိုက်သူများ နားစိုက်ရန် အနေအထားပြင်ဆင်)

 

“ တစ်ခါက ကျားတစ်ကောင်လဲ ဖြစ်ခဲ့တယ်”

(ထိတ်လန့်စိုးရွံ့စွာ အာမေဋိတ် သံများ)

 

“ တစ်ကယ်တော့ သနားစရာ ယုန်သူငယ်လေးပါ”

(ပြောရင်း မျက်ရည်သုတ်ဟန်ပြု

စင်ပေါ်မှ အမြီးနန့်ဆင်းသွား)

 

ပရိတ်သတ်ကတော့

ယုန်ကိုစားသော လူ နှင့်

လူကိုစားသော ကျားအကြောင်း

စဉ်းစားရင်း တိတ်ဆိတ်ငြိမ်သက် . . . ။

In: ကဗျာ Posted By: Date: Sep 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment