Professional Authors

လောကဓံမျက်လှည့်အချစ်

 

                                                                                                                         လောကဓံခရီးကြမ်းကို ရွက်လွင့်လို့

ငါ လှော်ခတ်ရင်း မုန်တိုင်းတွေကြား

ခွန်းအားအပြည့်နဲ့ ငါ…ကျော်ဖြတ်ခဲ့တာ

ငါ …မင်းကို ချစ်လို့ပေါ့..။

 

လောကဓံရဲ့ ဇာတ်ကွက်ထဲမှာ

ဇာတ်လိုက်မင်းသားဟာ ငါ သာ ဖြစ်ခဲ့ရင်

ဇာတ်လိုက်မင်းသ္မီးက ငါ့ ရင်တွင်းက

ငါ…ချစ်နှစ်သက်ခဲ့တဲ့ မင်းဖြစ်မှာပေါ့..။

 

သမိုင်းပေးတာဝန်တွေနဲ့ လောကဓံကို အံတုလို့

စိန်ခေါ်မှုပြုသော်လည်း ဂန္ထမြောက်တဲ့မင်းက

ငါ့ကို အနိုင်ယူ ထိုးသတ်ဖို့ ကြံရွယ်နေတဲ့အခိုက်

အနိုင်မယူလိုသော ငါ့နှလုံးသားက မင်းကိုအနိုင်ပေးခဲ့တယ်..။

 

တောက်ခေါက်သံတွေ ရင်တွင်းလှိုင်းထနေခိုက်

ဒေါသမုန်တိုင် တိုင်းတာပေထက် မရောက်သေးခင်

မင်း.. ငါ့ကို ဖြေဆေးတစ်ခုအနေနဲ့ အစားထိုးပေးခဲ့တာ

မင်းရဲ့ ပေးဆပ်ခြင်း ချစ်ခြင်းလား..။

 

ရှိပါစေ လောကဓံအချစ်သမိုင်း

ငါ့ ရိုင်းပြနေသော်လည်း နုညံ့မှုတွေပေးလို့

တန်ပြန်အနုပညာတွေနဲ့ ချစ်သက်သေ ရင်မှာလူးလေတော့

ငါ့..နှလုံးသား ယဉ်ယဉ်လေးနဲ့ ရူးခဲ့ရတယ်လေ..။

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 27, 2011
Comment #1

ဟုတ်ရဲ့လား အစ်ကိုရယ် ယုံအောင်လဲပြောပါနော်

commentinfo By: Daw Shwe A at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment