Professional Authors

အရိပ်မဲ့ချစ်ခြင်း

 

 

ငါ မသိခဲ့ဘူး ငါ မတွေးခဲ့ဘူး

ငါ စိတ်မကူးခဲ့ဘူး ငါ အိပ်မက်ထဲ မရောက်ခဲ့ဘူး

ငါ စိတ်ပုံရိပ်မှာ မရှိခဲ့ဘူး ငါ တယောက်တည်း ရှိခဲ့တဲ့

ငါ အိပ်ယာထက်မှာတော့ ငါအသိတွေကို လန့်နိုးလို့

ငါကို မင်း.. ချစ်စိတ်တွေးပေးလို့ မနေ့က မဟုတ်သော ဒီညမှာ

ငါ စိတ်ကူးထဲ မင်း ရောက်လာခဲ့တာ

မင်းမျက်လုံးတွေရဲ့ ဖမ်းစားမှုကြောင့်လို့

ငါမထင်မိသော်လည်း ငါ အခုတော့

အိပ်မက်တွေမက်လို့ စိတ္တဇဆူးပုံကို

နင်းခဲ့မိတာ မင်းကို ချစ်လို့ပါ…။

 

နွေရင်ခွင်မှာ ပူလောင်ခြောက်သွေ့လို့

ဒဏ်ရာတွေ ငါရင်ကို မီးလောင်တိုက်သွင်းသလို

ငါစိတ်တွေမီးမြိုက် ချစ်စရိုက်တွေနဲ့

ကောင်းကင်ကို ငါမော့ကြည့်ရင်း

စွမ်းရည်အပြည့် တောက်လောင်တဲ့

နေမင်းကြီးက ငါ့ကို…ဟားတိုက်လို့

ငါ့ချစ်ခြင်း သမိုင်းကို ရှာဖွေလို့

မှတ်တမ်းတင်နေသည့်အလား

ငါ့မသိသော မင်းရဲ့ ချစ်ခြင်းတွေက

မရေရာ ကန္တရနွေလယ်လို့

ငါချွေးစက်တွေ ဗလောင်ပူလို့

ပေးဆပ်ခြင်းဖြင့် ချစ်ခဲ့ရတာပါ…။

 

ချစ်ခြင်းက မင်းကိုင်ထားတဲ့

ပုဝါထက်က ချွေးစက်တွေလို

တခဏတာ အရောင်ပြောင်းရင်း

တွေးတစိတ်စိတ်နဲ့ ပျောက်ကွယ်သေဆုံးလို့

လွမ်းစိတ်နာ ငါနှလုံးသားမှာ

တဆစ်ဆစ်ကိုက်သော အနာတွေကို

ကုသဖို့တွက် ဆေးတစ်ခွက်လို

မင်းရဲ့ချစ်ခြင်း ဆေးတစ်ခွက်ကို

သောက်သုံးရင်း စောင့်မျှော်နေသူပါ..။

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

အားပေးသွားပါတယ်……
ကြိုက်ပါတယ်……..

commentinfo By: yaewintaung at Sep 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment