စွမ်းရည်ရှိသူတို့ ပန်းတိုင်
မုန်တိုင်းထန်သော ပင်လယ်ပြင်ကို
ကျော်ဖြတ်ဖို့ ခွန်အားတွေကို
စုစည်းရင်း ရွက်လွင့်ခဲ့တဲ့
ငါ့..အနာဂါတ်ဟာ တောက်ပကြယ်လိုပေါ့..။
ဦးတည်ရာကို ငါ…ရွက်လွင့်ရင်း
ငါ့ တက်မကို ခွန်အားအပြည့်နဲ့
လှော်ခတ်ခဲ့တာ ငါ့ရည်ရွယ်ရာ
ငါ့..အနာဂါတ် ပန်းတိုင်ထိပေါ့..။
လှော်ခတ်နေဆဲ ငါ့..တက်မ
ငါ့.. ခွန်အားတွေက မုန်တိုင်းပင် လဲပြိုလို့
ငါ့..ခရီး ငါ့..အနာဂါတ်တွေ
ငါ့..ရည်ရွယ်သော ပန်းတိုင်ထိရောက်ခဲ့ပေါ့..။
ဘ၀ပင်လယ်ပြင် ခရီးသွားခိုက်
ရေမျက်နှာပြင်ကို ငေးကြည့်ရင်း
အဆုံးစမဲ့သော မြစ်ပင်လယ်ထဲ
ဝိုးတ၀ါးကမ်းခြေကို ရှာဖွေနိုင်စွမ်းရှိခဲ့သူပေါ့..။
တက္ကသိုလ်မြတ်မင်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
ဘ၀ပင်လယ်ပြင် ခရီးသွားခိုက်
ရေမျက်နှာပြင်ကို ငေးကြည့်ရင်း
အဆုံးစမဲ့သော မြစ်ပင်လယ်ထဲ
ဝိုးတ၀ါးကမ်းခြေကို ရှာဖွေနိုင်စွမ်းရှိခဲ့သူပေါ့..။
GOOOOOOD! 🙂