Professional Authors

“ စိန်ခေါ်ခြင်း ”

“ ကြောက်တတ်ရင် လွဲ
ရဲရင် မင်းဖြစ်သတဲ့ ”

ရှေးလူကြီးများ…
ပြောခဲ့တဲ့ စကား
နားထောင်နေယုံမှ မဟုက်ပဲ…။

အရမ်းမြင့်တဲ့ တောင်တဲ့လား…
တကယ် သွားရင်…
ဘယ်နတ်ဘုရား ကမှ
တားဆီးလို့ မရနိုင်ဘူး…။

များလွန်းတဲ့ တောလား
အဖေ၊ အမေ ပေးတဲ့လက်…က
ဖျက်ပေးမှာပေါ့…။

“ လဲရင်ပြန် ထ
ဒါ ဘ၀တဲ့ ”

ပထမ ခြေလှမ်း…
“ စ ” စမ်းမှတော့
“ အဆုံး ” လမ်းလည်း ရှိမှာပဲလေ…။

ကမ်း မရှိတာ
ဘာဖြစ်လဲ…
မြစ်တစ်ခြမ်းကို
မေးစမ်းပါဦးမယ်…

“ မင်း လားကွဲ့ ပင်လယ်
ကျယ် ချင်သလောက် ကျယ်စမ်း
လက်တွေ့ စမ်းကြည့်မယ် ” ….။

In: ကဗျာ Posted By: Date: Sep 25, 2011
Comment #1

အရမ်းကိုကြိုက်တယ်…

commentinfo By: myintmo at Sep 25, 2011
Comment #2

ကောင်းတဲ့ကဗျာလေး..မို့ အားပေးသွားပါတယ်…

commentinfo By: အသဲကွဲမိုး at Sep 25, 2011
Comment #3

ကမ်း မရှိတာ
ဘာဖြစ်လဲ…
မြစ်တစ်ခြမ်းကို
မေးစမ်းပါဦးမယ်…

“ မင်း လားကွဲ့ ပင်လယ်
ကျယ် ချင်သလောက် ကျယ်စမ်း
လက်တွေ့ စမ်းကြည့်မယ် ” ….။
ဖိုးကြယ်ရေဒါလေးကောင်းတယ်ကွာ…
သဘောကျတယ်။

commentinfo By: PC at Sep 25, 2011
Comment #4

အမှန်က ကျနော့်ကိုယ်ကျနော်အားပေးနေတာပါ
ပြီးတော့…ဘ၀တူတွေအတွက်ကောပေါ့။
အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်။

commentinfo By: ကြယ်စစ်သည် at Sep 26, 2011
Comment #5

“ မင်း လားကွဲ့ ပင်လယ်
ကျယ် ချင်သလောက် ကျယ်စမ်း
လက်တွေ့ စမ်းကြည့်မယ် ” ….။
ကောင်းတယ်ဗျာ

Comment #6

များလွန်းတဲ့ တောလား
အဖေ၊ အမေ ပေးတဲ့လက်…က
ဖျက်ပေးမှာပေါ့…။

commentinfo By: ကေသရီ at Sep 26, 2011
Comment #7

ဟုတ်…ကျေးဇူးပါ…မကောင်းတာတွေ့ရင်
စိတ်ကြိုက်ဝေဖန်လို့ရပါတယ်…။
အကြံပေးတာ
ဝေဖန်တာတွေကိုလည်း
ကြိုဆိုပါတယ်…ခင်ဗျာ။

commentinfo By: ကြယ်စစ်သည် at Oct 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment