Professional Authors

အဖေ (၂ )

မိုး ရေ လေ မမှန်တဲ့ ကြားထဲက
ဖြစ်ဖြစ်ညစ်ညစ်
ကိုင်းညွတ်ပေးခဲ့တဲ့
အနှံလေးတစ်ခု…
ကိုယ့် အရိုး ကိုယ် ချိုးပြီး
မိုးတွင်း အဆက်ဆက်
ခင်းပေးခဲ့တဲ့
တံတားလေး တစ်စင်း…
၁၉၇၀ လွန်ခဲ့ပြီးသောနှစ်များမှာ
အေဂျီတီအိုင် လက်မှတ်လေး တစ်ခုက စလို့
အနှစ်လေးဆယ်ကျော်
လောကရဲ့အဝေ့ အ၀ိုက်ထဲ
ရုန်းရင်းကန်ရင်း
သမီးရဲ့ လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့
ကိုယ့်အင်ဂျင်ကို ကိုယ်
အခါခါပြန်နှိုးဖူးတဲ့ စက်ဆရာ…
အဲဒီ့ ရပ်ဝန်းက
တစ်သက်လုံး မစဲတဲ့ မိုးမှာ
ကျွန်မလေ တစ်ခါမှ
အအေး မမိခဲ့ ဘူး…။

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

သမီးရဲ့ လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့
ကိုယ့်အင်ဂျင်ကို ကိုယ်
အခါခါပြန်နှိုးဖူးတဲ့ စက်ဆရာ…
အဲဒီ့ ရပ်ဝန်းက
တစ်သက်လုံး မစဲတဲ့ မိုးမှာ
ကျွန်မလေ တစ်ခါမှ
အအေး မမိခဲ့ ဘူး…။
ကောင်းတယ်ဗျာ

Comment #2

တကယ်ကိုကောင်းပါတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Sep 25, 2011
Comment #3

ကိုယ့် အရိုး ကိုယ် ချိုးပြီး
မိုးတွင်း အဆက်ဆက်
ခင်းပေးခဲ့တဲ့
တံတားလေး တစ်စင်း…
ကောင်းတယ်ဗျာ…တစ်ပုဒ်လုံးပေါ့

commentinfo By: PC at Sep 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment