Professional Authors

“ အမေ့ မျက်ရည် မြေမခစေဖို့ ”

သားငယ်တို့ရဲ့ သွေး

အမေ့ မျက်နှာငေးလို့

ပျက်စရာ အတွေး

မရေးဝံပါဘူး အမေ…။

 

သားကြီးကျောပေါ်

သားငယ်စီးတော့

အမေ့မျက်ရည် ၀ဲရော့မယ်…။

 

အစ်ကိုကြီး၊ အစ်မကြီး တို့အရေး

သားငယ်တွေးတော့

စိတ်မအေးပါဘူး အမေ…။

 

သားတို့ မိသားစုအရေး

မျှော်ငေးပြန်တော့

စိတ်လေးတာပါပဲ အမေ…။

 

ဘာပဲ ပြောကြားပြောကြား

မုသားရောတဲ့ စကားကိုတော့…

ဘယ်နားကပဲဖြစ်ဖြစ်

ခါးတယ် အမေ…။

 

သားငယ်အတွေး…

အမေ့ အရေးမှာ…

တတ်သလောက်တွေး၊

တတ်သလောက်ရေးလို့

မှိုင်တွေငေး မနေပါဘူး…။

 

တစ်ယောက်တစ်အား

စုစည်း သွားရင်

နှုန်းထားမလိုပါဘူး အမေ…။

 

မှင်စေးနဲ့ ရေးလို့မရတဲ့ ကဗျာ

အမေ့ မျက်နှာငေးလို့

သွေးကလဲ ရေးနေတာပါပဲ အမေ…။

 

သားငယ်တတ်တဲ့

နေထွက်စကားနဲ့

အမေ့ အတွက်

နေ မငတ်စေပါဘူး…။

 

အစ်ကိုကြီး၊ အစ်မကြီးတို့

ပြောတဲ့စကား

သားငယ်ကြားတော့

မော့ထားတဲ့ တောင်

ဘယ်အရောင် ဖြစ်ဖြစ်…

တစ်ယောက်ပေါ် တစ်ယောက်ဆင့်

မမှီ မှီအောင် တက်မယ်အမေ…။

 

အမေ့ မျက်ရည်တစ်စက်

ကျတဲ့ ရက်မှာ

သားတို့ နေမတတ်ပါဘူး။

 

သားတို့ မောင်နှမတွေ

အားလေစုပေါင်းလို့

အမေ့ မျက်ရည်မကျစေဖို့

မရ ရအောင်

ကွယ်ကာပါ့မယ် အမေ…။

                             ကြယ်စစ်သည်

 

 

 

 

 

 

 

 

 

 

 

 

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

အားပေးသွားပတယ်

Comment #2

ဟုက်ကဲ့ ကျေးဇူးပါပဲ
ကိုလုလင်ငယ်သွေး

commentinfo By: ကြယ်စစ်သည် at Sep 23, 2011
Comment #3

တတ်နိုင်သလောက်ကာကွယ်သွားမှာပါ……
……………………………………………

commentinfo By: အသဲကွဲမိုး at Sep 25, 2011
Comment #4

သားကြီးကျောပေါ်

သားငယ်စီးတော့

အမေ့မျက်ရည် ၀ဲရော့မယ်…။

မေခနဲ့ မလိခကိုပြောတာလား….

commentinfo By: PC at Sep 25, 2011
Comment #5

ဟုတ်…အားလုံးအားလုံးတတ်နိုင်သလောက်ပေါ့ဗျာ

ပီစီ ရေ…မင်းပြောတာအမှန်ပဲ…

အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

commentinfo By: ကြယ်စစ်သည် at Sep 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment