Professional Authors

လွမ်းတရင့်ရင့်

သူ …
ရင်ထဲမကောင်းဘူး
မျိုချမိတဲ့ အခါးတွေအတွက်
တငွေ့ငွေ့ သေဆုံးနေသလို..
ဆုတောင်းအမှားတွေအတွက်လည်း
တရိပ်ရိပ် လဲကျနေတယ်။

အစွန့်ပစ်ခံတစ်ယောက်ရဲ့ကောင်းကင်မှာ
အသားမာတတ်နေတဲ့ တိမ်တိုက်တွေရှိတယ်.
မှိုတတ်နေတဲ့ မိုးကုတ်စက်ဝိုင်းကြီးရှိတယ်.
ကျပ်ခိုးစွဲနေတဲ့ နေရောင်ခြည်ရှိတယ်.
သူ့ရဲ့ရင်ထဲမှာ ခြေစုံကန်သွားတဲ့ သူမရှိတယ်။

သူ..
မနက်မနက်ဆို
တမျှော်တခေါ်ငေးရင်း
လွတ်တဲ့ငါးလည်း မကြီးချင်တော့ပါဘူးလို့
တိတ်တိတ်လေးရေရွတ်
ခပ်ဖွဖွနင်းခံထားရတဲ့ သမုဒယလက်ကျန်ကို
တတိတိ ဖျက်ဖို့ ခဏခဏအစိမ်းသေ” သေ ” ခဲ့ရတယ်။

သူမအတွက်
ပျိုးခဲ့တဲ့ ရေခဲနှင်းဆီတစ်ပွင့် အဆိပ်တွေတတ်လို့..
အတိတ်တွေကလည်း လိုက်လိုက် သတ်နေခဲ့…..
ခုတော့
အရိပ်တွေနဲ့လည်း  နေတတ်နေခဲ့။

ဆူး ဆူးခံထားရတဲ့ ရင်လွမ်းငှက်တစ်ကောင်လို
သက်ကုန်ရှိုက်သွင်း ကဆုန်ဆိုင်းခဲ့ပေမယ့်လည်း
သူ့အလွမ်းနဲ့သူ ခလုတ်တိုက်
ဒီဇတ်ထဲမှာပဲအခါခါ ” နာ ” ခဲ့ရတယ်။

နောက်ဆုံးတော့လည်း
အနည်းအကျဉ်းသောအမှတ်တရတွေနဲ့
သူ့အတွက် တစ်ကိုယ်စာ
ကျောခင်းရင်း
တဖြေးဖြေး သင်းကွဲခဲ့..

သူ..
ဆုတောင်းပြည့်ဖို့အတွက် ဆုတောင်းတတ်အောင်
လေ့လာရဦးမယ်.
ဒီတစ်ကြိမ်တော့ ဒီ မိုး ကို ” ခို ” နိုင်ပါစေလို့..။………..။

In: ကဗျာ Posted By: Date: Sep 19, 2011
Comment #1

အစွန့်ပစ်ခံတစ်ယောက်ရဲ့ကောင်းကင်မှာ
အသားမာတတ်နေတဲ့ တိမ်တိုက်တွေရှိတယ်.
မှိုတတ်နေတဲ့ မိုးကုတ်စက်ဝိုင်းကြီးရှိတယ်.
ကျပ်ခိုးစွဲနေတဲ့ နေရောင်ခြည်ရှိတယ်.
သူ့ရဲ့ရင်ထဲမှာ ခြေစုံကန်သွားတဲ့ သူမရှိတယ်။

အရမ်းအရမ်းကြိုက်ပါတယ်……
ကြိုက်လွန်းလို့ ကျွန်တော်ကြိုက်သောကဗျာများဆိုတဲ့
ဖိုင်လေးထဲထည့်ဖို့  ပရင့်ထုတ်ပြီးယူသွားပါတယ်…..

commentinfo By: yaewintaung at Sep 20, 2011
Comment #2

အားပေးသွားပါတယ်ခင်ဗျာ

Comment #3

အစွန့်ပစ်ခံတစ်ယောက်ရဲ့ကောင်းကင်မှာ
အသားမာတတ်နေတဲ့ တိမ်တိုက်တွေရှိတယ်.
မှိုတတ်နေတဲ့ မိုးကုတ်စက်ဝိုင်းကြီးရှိတယ်.
ကျပ်ခိုးစွဲနေတဲ့ နေရောင်ခြည်ရှိတယ်.
သူ့ရဲ့ရင်ထဲမှာ ခြေစုံကန်သွားတဲ့ သူမရှိတယ်။

commentinfo By: May Kha at Sep 20, 2011
Comment #4

ကျေးဇူးအထူး…. 🙂

commentinfo By: ဗုဒ္ဓဟူး at Sep 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment