Professional Authors

ကျွန်မ၏ချစ်သူသည်…………

ကျွန်မ၏ချစ်သူသည်

ကတိကိုလွယ်လွယ်ပေးတတ်သော

ထို ကတိကိုပင် သူကိုယ်တိုင်ပြန်ဖျက်ဆီးဖို့ ၀န်မလေးသော သူ တယောက်ဖြစ်သည်…။

 

ကျွန်မ၏ချစ်သူသည်

စကားလုံးချိုချိုများဖြင့်မျှားကာ

ဝေဒနာတွေကို ပေးတတ်သော သူ တယောက်ဖြစ်သည်…။

 

ကျွန်မ၏ချစ်သူသည

မျှော်လင့်ချက်တွေကိုဖန်ဆင်းပေးတတ်ပြီး

ထိုမျှော်လင့်ချက်များကို သူ ကိုယ်တိုင်ရိုက်ချိုးပစ်တတ်သော သူ တယောက်ဖြစ်သည်…။

 

ကျွန်မ၏ချစ်သူသည်

ကျွန်မ၏ညတွေကို ရှည်ကြာစေတတ်သောအလွမ်းတွေကို

လှပစွာ ဖန်ဆင်းပေးတတ်သူတယောက်ဖြစ်သည်…။

 

ကျွန်မ၏ချစ်သူသည်

စစ်မှန်သော ချစ်ခြင်းမေတ္တာ တို့ ဖြင့် မထိုက်တန်သော

ကျောခိုင်းစွန့်ခွာ ဖို့ သင့်သော

မုန်းမေ့ဖို့သင့်သော

သတိရခြင်းတွေနှင့်မထိုက်တန်သောသူ တယောက်သာ ဖြစ်ပါတော့သည်…။

In: ကဗျာ Posted By: Date: Sep 19, 2011
Comment #1

ကျွန်မ၏ချစ်သူသည်

စစ်မှန်သော ချစ်ခြင်းမေတ္တာ တို့ ဖြင့် မထိုက်တန်သော

ကျောခိုင်းစွန့်ခွာ ဖို့ သင့်သော

မုန်းမေ့ဖို့သင့်သော

သတိရခြင်းတွေနှင့်မထိုက်တန်သောသူ တယောက်သာ ဖြစ်ပါတော့သည်…။

commentinfo By: ကေသရီ at Sep 19, 2011
Comment #2

အားပေးသွားတယ်စုရေ….

commentinfo By: May Kha at Sep 19, 2011
Comment #3

ကျေးဇူးပါ သူငယ်ချင်းတို့

commentinfo By: စုနိုင် at Sep 19, 2011
Comment #4

စုနိုင်…………..
အမ ..အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Sep 19, 2011
Comment #5

စစ်မှန်သော ချစ်ခြင်းမေတ္တာ တို့ ဖြင့် မထိုက်တန်သော

ကျောခိုင်းစွန့်ခွာ ဖို့ သင့်သော

မုန်းမေ့ဖို့သင့်သော

သတိရခြင်းတွေနှင့်မထိုက်တန်သောသူ တယောက်သာ ဖြစ်ပါတော့သည်…။

commentinfo By: terry at Sep 19, 2011
Comment #6

e,,,,,,,d lout taung soe de,,,,

commentinfo By: ei lay at Dec 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment