ပျံသန်းလေဦးတော့ ငှက်ငယ်ရေ
နှစ်လတွေလွန်မြောက်ပြန်တော့
ဌာနေသူတစ်ယောက်သောသူကို
အလွမ်းအဆွေးတွေးကင်းစင်လို့ 
နှစ်သက်ခြင်း ပျော်ရွှင်ခြင်းများစွာနှင့်အတူ
ဖော်ဆွေသူ ကြည်ဖြူ လျှမ်းပကာ
လှမ်းလို့လှမ်းလို့ ပြန်ခွင့် သင့်ချေပြီ….။
တစ်နှစ်နဲ့ တစ်နှစ်ဆိုတဲ့ တက္ကသိုလ်ရပ်ဝန်း
လွန်းလွန်းလို့ ဆုံးခင်လေးမှာပဲ
တက္ကသိုလ်ရင်ခွင်နဲ့ ခွဲလိုခွဲရ
ကျောင်းပိတ်တဲ့ ကာလနဲ့ ကြုံလိုကြုံ
ရင်ခုံ ဖိုမောခဲ့ရပြန်တယ်လေ….။
အောင်ဂေဇက်တွေ သိရပြန်တော့
ရင်နဲ့မဆန့် ပျော်တော့ပျော်ခဲ့မိတယ်
တက္ကသီကို ခွဲရမယ်ဆိုတာသိနေတော့
ငါ့ရင်ထဲမှာတော့ မပေါ့ နိုင်ခဲ့ဘူး…။
နှစ်ဦးရောက်ပြန်တော့ တဖြုတ်ဖြုတ်
တက္ကသိုလ်ညှာတံမှ ပြုတ်၍
ဆုတ် ခွါ ပြန်ထွက်ခဲ့ကြပြန်တော့
အလွမ်းတွေ လျော့လို့ မရခဲ့ပြန်ဘူး…။
လက်ကျန်မိတ်ဆွေတွေနဲ့ 
လက်ကျန်ရက်ကလေးတွေကို ကျော်ဖြတ်
တစ်နှစ်တာ တက္ကသိုလ်ရပ်ဝန်းမှ အဆွေးတွေနဲ့ 
ပျော်တတ်သလို နေခဲ့မိရာမှ…..။
ခုတော့..ခုတော့..
သမုကြော့လို့ မဖြေသာ
ကျန်သူမှာ အလွမ်းရင်နင့်စွာနဲ့ 
ပြန်ခွင့်ရယ် မကြုံသေးလေတော့
ပြန်နှင့်သူ ကြည်ဖြူပြုံးဝင့်စွာပဲ
သိုက်မြုံလွှာဌာနေနန်းကိုကွယ်
ပျံသန်းလေဦးတော့ ငှက်ငယ်ရေ…။
တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa.blogspot.com
Comment #2
အမြဲအားပေးနေပါတယ်…………
By: May Kha at Sep 19, 2011




Comment #1
ကောင်းတယ် ဗျာ စကာလုံးလေးတွေ