Professional Authors

ခိုင်မြဲသော….

တနင့်တပိုး အလွမ်းတွေနဲ့ ငါတို့တည်ဆောက်ကြမယ်….

နားလည်မှုတွေကို ငါတို့ ခွန်အားအဖြစ်ပြောင်းမယ်..

ခံစားချက်ပြည့်ကဗျာတွေက အခမ်းနားဆုံးဗိသုကာတွေဖြစ်လိမ့်မယ်….

မင်းသေဆုံးသွားရင်လည်း ငါ့ကိုငါမြုပ်နှံမယ်….

ငါသေဆုံးသွားရင်လည်း မင်းကအရာရာကိုကျောခိုင်းခဲ့မယ်…..

နောင်လာနောင်သားတွေ ပြန်လည်တူးဖော်ကြတဲ့အခါ…..

သစ္စာတရားတွေတန်ဖိုးအပြည့်နဲ့ ငါတို့ပိရမစ်ထဲမှာ

မင်းရယ် ငါရယ် ငါတို့နှစ်ယောက်ရဲ့နှလုံးသားရယ် ငြိမ်သက်စွာလဲလျောင်းနေမှာ

ဒါပေမယ့် သူတို့အတွက်တော့ ကာကွယ်မှုအနေနဲ့ ငါတို့ ကျိန်စာတွေထားခဲ့မှာမဟုတ်……။

In: ကဗျာ Posted By: Date: Sep 18, 2011
Comment #1

ငါသေဆုံးသွားရင်လည်း မင်းကအရာရာကိုကျောခိုင်းခဲ့မယ်…..
က ဘာကို ပြောချင်တာလည်း နားမလည်လို့ 

Comment #2

သစ္စာတရားတွေတန်ဖိုးအပြည့်နဲ့ ငါတို့ပိရမစ်ထဲမှာ

မင်းရယ် ငါရယ် ငါတို့နှစ်ယောက်ရဲ့နှလုံးသားရယ် ငြိမ်သက်စွာလဲလျောင်းနေမှာ

အားပေးသွားတယ်ဗျာ…..အရမ်းကောင်းတာပဲ စာသားတွေက

commentinfo By: ကေသရီ at Sep 19, 2011
Comment #3

တနင့်တပိုး အလွမ်းတွေနဲ့ ငါတို့တည်ဆောက်ကြမယ်….

နားလည်မှုတွေကို ငါတို့ ခွန်အားအဖြစ်ပြောင်းမယ်..

ခံစားချက်ပြည့်ကဗျာတွေက အခမ်းနားဆုံးဗိသုကာတွေဖြစ်လိမ့်မယ်….

commentinfo By: May Kha at Sep 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment