အတိက်ရဲ့ချစ်ရိပ်
မှားယွင်းသွားသော ငါ့အတိက်တွေ
အရိပ်ပမာ ထင်ယောင်မိခဲ့
ငါရှေ့ဆက်ဖို့ရန် ခြေလှမ်းများက
ဒဏ်ခတ်ထားသလို လှုပ်ရှားသမျှ
အရာမထင် ခရီးဆက်ရင်း
ဆာလောင်မွတ်သိပ် ရင်လှိုက်သံများ
ကမ္ဘာကိုတုန်ခါ ရိုက်ခတ်သလို
ခံစားချက်မဲ့ အပြစ်ရှာခဲ့
ငါ့အရိပ်ရဲ့ နောက်ကွယ်တွေမှာ
မင်းဟာ တစ္ဆေခြောက်တစ်ကောင်လို
ပူးကပ်ခြိမ်းခြောက်ကာ ငါ့အသည်းကို
ဒမြတစ်ယောက်ပမာ လုယက်သွားခဲ့ပြီပေါ့..။
နယ်ကျွန်သွားတဲ့ ငါ့အတိက်တွေကို
လုယက်ဖို့အတွက် စစ်မြေပြင်မှာ
သူရဲကောင်းတွေ ရွေးကောက်ပွဲဖွင့်
ရာထူးသစ်နဲ့ ကျားနဲ့ဆင်တို့
လယ်ပြင်မှာ စစ်ခင်းကြသလို
ထူးချွန်သူကို စစ်ကဲမှူး
အောင်မြင်သူကို ဗျူဟာမှူး
ရှုံးနိမ့်သူကို စစ်ကျွန်ဖြစ်နဲ့
သမန်တော်လွတ်ကာ စစ်ချီတက်လို့
ပင်တိုင်စံသော ငါ့နန်းပြင်ကို
သိမ်းပိုက်ဖို့တွက် စစ်ကြေငြာခဲ့လည်း
ငါ့စိတ်ဓာတ်က အညံ့မခံ
အနိုင်မယူ စစ်ပြေငြိမ်းဖို့
သမန်တော်ဆင့် စာချွန်ဆင့်လို့
မင်းနဲ့ငါတို့ တွေ့ဆုံခဲ့ရ
တွေ့ဆုံခဏမှာ ငါ့အသည်းတွေ
မင်းရဲ့ထံပါးမှာ မြေခခဲ့ရ
ငါ့ဘဝကို မင်းစာနာလှည့်ပါ..။
သမိုင်းစာတင်သော ချစ်သမိုင်းတွေကို
ငါ့ဘဝမှတ်တမ်းမှာ မထင်ရှားခဲ့ဘူး..
ရာဇာဝင်စာတင်သော ချစ်ရာဇာဝင်တွေကို
ငါ့ဘဝမှတ်တမ်းမှာ မထင်ရှားခဲ့ဘူး
မဟာဝင်စာတင်သော ချစ်မဟာဝင်တွေကို
ငါ့မဟာဝင်မှတ်တမ်းမှာ မထင်ရှားခဲ့ဘူး…
မော်ကွန်းစာတင်သော ချစ်မော်ကွန်းတွေကို
ငါ့မော်ကွန်းမှတ်တမ်းမှာ မထင်ရှားခဲ့ဘူး..
စစ်ကြောင်းစာတင်သော ချစ်စစ်ကြောင်းတွေကို
ငါ့ဘဝမှတ်တမ်းမှာ မထင်ရှားခဲ့ဘူး..
အရာအားလုံးတို့၏စာတင်သော ချစ်အရာအားလုံးတွေကို
ငါ့ဘဝမှတ်တမ်းတွေမှာ မထင်ရှားခဲ့ဘူး
မင်းရဲ့သမိုင်း မင်းရဲ့ရာဇာဝင်
မင်းရဲ့မဟာဝင် မင်းရဲ့မော်ကွန်းတင်
မင်းရဲ့စစ်ကြောင်း မင်းရဲ့အရာအားလုံးကို
စာကျမ်းတင်ဖွဲ့လို့ ငါ့ဘဝမှတ်တမ်းထဲ
ငါ့နှလုံးသားစာမူထဲ တံဆိပ်နှိပ်သလို
ထာဝရရင်မှာ ထင်ကျန်နေခဲ့ပြီ..။
တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa.blogspot.com
Comment #2
မင်းရဲ့စစ်ကြောင်း မင်းရဲ့အရာအားလုံးကို
စာကျမ်းတင်ဖွဲ့လို့ ငါ့ဘဝမှတ်တမ်းထဲ
ငါ့နှလုံးသားစာမူထဲ တံဆိပ်နှိပ်သလို
ထာဝရရင်မှာ ထင်ကျန်နေခဲ့ပြီ..။
By: May kha at Sep 14, 2011




Comment #1
အားပေးသွားပါတယ်