Professional Authors

ပလီပလာမိုး

ခုတော့လည်းတကယ် ….
ချစ်ပဲချစ်တော့မယ်ရယ်ထင့်
တွယ်တာသယောင်အဆောင်အပြောတွေနဲ့
နယ်ချဲ့ကာကို့နှလုံးသားထဲ
ဗြုန်းစားကြီးသူရောက်လာခဲ့ ။
အပြုံးများနဲ့သူ့အပြော
မနောထိစိမ့်ဝင်၊ ပီတိနဲ့ဟပ်ထင်ခဲ့ပေါ့။
တကယ့်တကယ်ကျတော့….
ပစ်ပယ်ကာသူပြေးပုန်း
ချစ်ပြုံးတွေဘယ်ဆီရောက်
ကွယ်ပျောက်ကာတမင်ရှောင်လေတော့
ပြိုမယောင်ဟိုတောင်ကမိုးရယ်လို့
ယိုးစွပ်လိုက်ချင်ပါတော့တယ် ။

In: ကဗျာ Posted By: Date: May 13, 2010
Comment #1

တကယ်ပစ်ပယ်သွားတာလား
စိတ်တော့မကောင်းပါဘူးဗျ
ပြန်ခေါ်ပေးမယ်လေ

commentinfo By: nayminarkar at May 14, 2010
Comment #2

@_@
@_@
@_@

commentinfo By: ei lay at Oct 15, 2012
Comment #3

ဟာဂျာ နေရင်းထိုင်ရင်း ဘလိုင်းကြီး ကြောင်သွားရတဲ့ ခေါင်းစဉ်
😛

commentinfo By: အသဲကွဲ မိုး at Feb 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment