Professional Authors

နွားတစ်ကောင်ရဲ့ အတွေး

မိုးပေါ်ကကျလာတဲ့ ရေတစက်

မြေကြီးထဲကထွက်လာတဲ့ ရေတစက်

အဆင်းအရသာတူပါသလား

အချင်းမနက်ဖန်မှာဖြူသလား

ဝေဖန်စဉ်းစား မင်းစကားပဲ နားကြားလွဲခဲ့

ပဲရစ်ကမြူတွေကြား ငါခဏသွားကစား နေတုန်း

မဲရစ်တူ(married to)လို့ ပြောခဲ့တာမင်းစကားလား

အတူတူကတော့အတူတူပါပဲ

အရာကြီးနဲ့ ဘာဘူကြီး

တူတယ်ဆိုတာ အရင်ကမသိခဲ့

အထင်ကရရှိတဲ့ (ရင်ထဲကမင်း)

အပြင်က မသိပေမဲ့ 

ရင်ထဲမှာ ဗြုန်းခနဲ့ ဖိုလှိုက်

တစ်ရှိုက်ရှိုက်ငိုရင်း

ညနေခင်းဟာ အဓိပ္ပါယ်မဲ့ပေါ့…

မထူးပါဘူး

 အရူးကတမူးသာတယ်ထင်ချင်ထင်

ငါပြင်ဆင်ချင်သေးတယ်

အသဲကွဲဖို့ ရိက္ခာအတွက်

ဖိတ်စာနဲ့ လိပ်ပြာလုံဖို့ 

အထီကျန်မဲ့နေရာကိုသွားလိုက်အုံးမယ်

ကဲ….ဒီနေ့ လဲ ငါ နွားလိုပဲတွေး

မနက်ဖန်လဲ နွားလိုပဲ ဆွေးမယ်ကွယ်…

 

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)

August 30.2011/5:30 P.M

In: ကဗျာ Posted By: Date: Sep 10, 2011
Comment #1

အရူးကတမူးသာတယ်ထင်ချင်ထင်

ငါပြင်ဆင်ချင်သေးတယ်

အသဲကွဲဖို့ ရိက္ခာအတွက်

ဖိတ်စာနဲ့ လိပ်ပြာလုံဖို့ 

အထီကျန်မဲ့နေရာကိုသွားလိုက်အုံးမယ်

commentinfo By: May Kha at Sep 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment