Professional Authors

သူသိစေချင်

 

တသက်ကြင်နာ၊ ရင်ခွင်မှာတော့

ချစ်လာနှောင်ကြိုး၊ ဆထက်တိုးကာ
အငြိုးကြီးစွာ ချစ်မိပြီ….။

 

ဖြေခက်ဖြေခက်၊ ထားချန်ခက်သည့်

တသက်လက်တွဲ၊ ဖေါ်မွန်ပဲမို့

ခွဲလို့ မသွားချင်၊ သက်ဆုံးကြင်မည်

ရင်မှာသူတယောက်တည်းရယ်နော်။

 

မေ့ရန်ခက်ခဲ၊ ဘ၀ထဲက

နှမအချစ်၊ ကြင်နာသစ်ကို

ချစ်မ၀နိုင်သက်ဆုံးတိုင်စေ

မယိုင်ချစ်လျက် အတူတူ…။

 

အတူနေလာ၊ ဘဝထဲမှာ

သံယောဇဉ်ဖြစ်၊ ဘဝသစ်နဲ့

မေတ္တာသက်ဝင်၊ ချစ်ကျွမ်းဝင်၍

နှစ်ကိုယ်တူ၊ ချစ်သက်ချွေချင်သူပါ..။

 

အလွမ်းဆွေးတွေနဲ့၊ ရစ်ကာဝိုင်း

ရစ်သိုင်းလေသည့်၊ မိုးအာကာဆီ

အဖော်မဲ့ငှက်၊ ပျံသန်းသလို

အထီးကျန်၊ သူထားခဲ့ပြီလား…။

 

မရေရာ၊ ဌာနေအဝေးမှာ

လွမ်းဆွတ်ကာ၊ အထီးကျန်လေတော့

မျှော်တော်ယောင်၊ သူလာမည့်လမ်းကို

တသသနဲ့၊ စောင့်မျှော်လို့လွမ်း။

 

 

တက္ကသိုလ်မြတ်မင်း

 

In: ကဗျာ Posted By: Date: Sep 9, 2011
Comment #1

အလွမ်းဆွေးတွေနဲ့၊ ရစ်ကာဝိုင်း

ရစ်သိုင်းလေသည့်၊ မိုးအာကာဆီ

အဖော်မဲ့ငှက်၊ ပျံသန်းသလို

အထီးကျန်၊ သူထားခဲ့ပြီလား… ( အားပေးသွားပါတယ်…..)

commentinfo By: May Kha at Sep 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment