ဘဝရဲ့ ရလာဒ်
သက်တန့်ရောင်ကို မြင်ယောင်မိတဲ့
အတိက်တစ္ဆေလို့ အရိပ်ခြေတွေ
အထပ်ထပ်နဲ့ လောဘထင်ဟက်ခဲ့
ဒေါသတသွင်သွင် စီးဆင်းနေသော
မောဟမြစ်ပြင်ထဲ အတ္တလှေကို
မောင်းနှင်နေဆဲ ငါ့လက်ထဲက
သောကတပ်မ အလေးချိန်ဟာ
ထောင့်ငါးရာအချစ် ပရိဒေဝရဲ့
သားကောင်ဖြစ်သော ကိလေသာမီး
တဏှာ၏ လက်သမားအဖြစ်
သရုပ်ဆောင်ရင်း ဘဝလည်းဆုံး
နိဂုံးလည်းမလှ တသသနဲ့
လူ့ဘဝဇာတ်ခုံမြင့်မှာ ကန့်လန့်ကာကိုဖွင့်
ရောင်စုံမီးများကြား တစ်ခန်းရပ်ပြဇာတ်
ကြော်ငြာထည့်လို့ အဆုံးသတ်တော့မှာလား..။
တက္ကသိုလ်မြတ်မင်း
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        


