Professional Authors

မိုး

 

မိုးသားတွေကြား လျှပ်စီးများအလား

ထစ်ချုန်းမိုးကြား မီးပွင့်နေအလား

မိုးမုန်တိုင်းကြား စစ်တိုက်နေအလား

မိုးသည်းမိုးသီးတွေကြား ကမ္ဘာစစ်အလား

မိုးတိမ်လျှပ်ပန်းများကြား စိန်ခေါ်တိုက်ပွဲအလား

မိုးသားကျည်ဆံတွေကြား ကယ်တင်ရှင်အလား

မိုးဥတု မိုးရာသီမှာ သြဇာသံတွေ

အောင်မြင်မှုတွေ ဂုဏ်ယူလို့

အသူရာနတ်ဆိုးကို အနိုင်တိုက်ခဲ့

ဦးမာဃရဲ့ ချစ်သက်သေ ရာဇာဝင်လို

အပြစ်အမျက်တွေ ကျေစေဖို့

စစ်ရမ္မက်တွေ ခဝါချကာဖြစ်

မင်းရဲ့ထံပါး ကိုယ်ရံတော်အလား

နှလုံးသားမြေခကာ ချစ်ပြခဲ့တာပါ

မိုးနတ်သူဇာ…။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Sep 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment