Professional Authors

“မဆုံစည်းခြင်း…”

ရွှေဝါရောင် ကန္တာရကြီးထဲမှာ …
ဆောင်းကို သွားပျိုးမိတဲ့ ငါ့အဖြစ်ကိုက
ငါ့အပြစ်တစ်ခု …
သဲမှုန်လေးတွေတောင်
အပူလျှပ်၊ အအေးပတ်ကုန်ပြီး
သေမျောကြပြီ…
မြေပြင်ကြီးပေါ် လဲလျောင်းအိပ်စက်နေကြတဲ့.
သဲဝိဥာဉ် အမှတ်စဉ်တွေကို ရည်တွက်ပြီး
ငါတစ်ယောက်တည်း …
တွေးမိတွေးရာ တွေးမိရာက …
ခေါင်းတညိမ့်ညိမ့် သံဝေဂတရရနဲ့…
ပါးစပ်ကနေ တီးတိုးရေရွတ်မိလိုက်တာက
“…ဩော်… ငါ့အမြင်အာရုံအောက်မှာ
မင်းလေး သေဆုံးပျောက်ကွယ်ပျောက်သွားခဲ့တာ
အခုဆို နှစ်ပေါင်းမနည်းတော့ဘူးပဲ…
ဒါပေမဲ့ ငါ့မျက်စိအောက်မှာ သေဆုံးနေကြပေမဲ့
ရှိနေကြတဲ့ သဲမှုန်တွေလို…
ငါ့အကြည့်တွေ အောက်မှာ
မင်း သေဆုံးသွားလည်း ဒီရင်ခွင်ထဲ …
ဂစ်တာတစ်လက်နဲ့
ကဗျာရေးတဲ့ လက်တစ်စုံကိုသာ အသုံးပြုပြီး
သတိရတိုင်း ငေးငိုင်ကြည့်မိတတ်တာ …
ကြည့်မိတိုင်းလည်း ပါးပြင်ပေါ်
မိုးတွေ ခိုးရွာရတယ်….”…။…။…

In: ကဗျာ Posted By: Date: May 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment