Professional Authors

လွမ်းရက်ရှည်

လွမ်းရက်ရှည်

မျှော်နေရတဲ့

အချစ်တစ်ခု

ဘယ်တော့များရမလဲ ဆိုတဲ့

အတွေးတစ်ခု ဟာ

ကိုယ်ရော စိတ်ကိုပါ

လွှမ်းမိုးထားလေရဲ့

အသက်ကို ရင်း

ငါ့ရဲ့ကိုယ်ကို နှင်းရတဲ့

ငါအရမ်းချစ်ရတဲ့သူကို

ငါမြတ်နိုးကြောင်း

ငါကြင်နာကြောင်း

ဖွင့်မပြောနိုင်သမျှတော့

အဆွေးတွေကို

ပေါင်းသင်း

ဝေဒနာတွေကို

မိတ်ဖက်ရင်း

ရင်ထဲ ခံစားနေရအုံးမှာပဲ

ဒါပေမယ့်

အချစ်နဲ့ပါတ်သတ်လာတော့လည်းလေ

ငါခံစားသမျှတွေဟာ

ပီတီအဖြစ်ကို

ပြောင်းလဲနိုင်လေရဲ့

ဒါပေမယ့်ချစ်သူ

မင်းသိဖို့က

ငါလိုနေတဲ့

တစ်ခုတည်းသောအရာဟာ

မင်းဆီက အချစ်တစ်ခုတည်းပါ

အခုတော့

ပူစူးရဲ့ ၀န်ခံပါ သီချင်းနဲ့ပဲ

ငါလွမ်းရက်တွေ ရှည်နေရအုံးမှာပဲလေ….။

In: ကဗျာ Posted By: Date: Sep 5, 2011
Comment #1

ငါအရမ်းချစ်ရတဲ့သူကို

ငါမြတ်နိုးကြောင်း

ငါကြင်နာကြောင်း

ဖွင့်မပြောနိုင်သမျှတော့

အဆွေးတွေကို

ပေါင်းသင်း

ဝေဒနာတွေကို

မိတ်ဖက်ရင်း

ရင်ထဲ ခံစားနေရအုံးမှာပဲ………..( အားပေးသွားတယ်နော်)

commentinfo By: May Kha at Sep 5, 2011
Comment #2

kyike de.

commentinfo By: ei lay at Sep 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment