Professional Authors

‘မောင့် ရဲ့ ဆုလာဘ်’

ပျားသကာလိုချိုတဲ့ စကားလုံးတွေ

သူမသုံးတတ်ပါဘူး.. 

ဒါပေမယ့်

ဘယ်တော့မှ ကျမကိုမလိမ်တတ်တဲ့

မောင့်ကို ကျမချစ်တယ်။

 

 

အလုပ်များလို့ ကျမအနား

အမြဲမရှိနိုင်ပါဘူး..

ဒါပေမယ့်

အလုပ်အားတိုင်း လာလာတွေ့တဲ့

မောင့်ကို ကျမချစ်တယ်။

 

 

မှန်တယ်ထင်ရင်

သူလုပ်ချင်ရာလုပ်ပေမယ့်

ကျမ မကြိုက်တာကို အမြဲရှောင်တဲ့

မောင့်ကို ကျမချစ်တယ်။

 

 

လူချင်းမတွေ့ပေမယ့်

သတိတရ

ရောက်တဲ့နေရာက ဆက်သွယ်တတ်တဲ့

မောင့်ကို ကျမချစ်တယ်။

 

 

ကိုယ့်ချစ်သူ

ဝမ်းနည်းမှာ နာကျင်မှာကို

အမြဲစိုးရိမ်တတ်တဲ့ 

မောင့်ကို ကျမချစ်တယ်။

 

 

ဘာမှမလိုအောင် ခြောက်ပြစ်ကင်းတဲ့လူ

မဟုတ်ပါဘူး

ဒါပေမယ့်

မောင့်ကို ကျမချစ်တယ်။

 

 

အတိတ်ဆိုးတွေ ရှိခဲ့ပေမယ့်

ကျမ လက်ကိုတွဲချိန်ကစ

အနာဂါတ်ကိုပဲကြည့်ခဲ့တဲ့

မောင့်ကို ကျမချစ်တယ်။

 

 

ကျမဘက်ကတော့ မောင့်အတွက်

အများကြီး မပေးနိုင်ခဲ့ပါဘူး..

ရည်းစားသက်တမ်းတစ်လျှောက်

သူ့ကို၂ခုပဲ

ပြန်ပေးနိုင်ခဲ့တယ်..

စာနာနားလည်မှုနဲ့ သစ္စာတရားပါပဲ

 

 

လှပတဲ့ မနက်ဖြန်တွေ

အတူခြယ်သဖို့

မောင်တန်ဖိုးထားတဲ့

“ဆုလာဘ်” တစ်ခုဖြစ်ပါရစေ..

 

‘မောင်’ ကျမလက်ကို

ထာဝရ တွဲထားနိုင်ပါစေနော် ။      ။

 

 

*Snowflake*

03/09/11 (22:55pm GMT)

 

PS:ကဗျာလေးဖတ်တဲ့အချိန် ခံစားရတာလေးရေးပေးသွားရင် အရမ်းကျေးဇူးတင်မိမှာပါ =

In: ကဗျာ Posted By: Date: Sep 4, 2011
Comment #1

ကောင်းပါတယ်ဗျား)

commentinfo By: မိုးသစ်လေပြေ at Sep 4, 2011
Comment #2

လှပတဲ့ မနက်ဖြန်တွေ

အတူခြယ်သဖို့

မောင်တန်ဖိုးထားတဲ့

“ဆုလာဘ်” တစ်ခုဖြစ်ပါရစေ

commentinfo By: MyoZin at Sep 4, 2011
Comment #3

သူတို့များ ကံကောင်းလိုက်တာ……………………

Comment #4

ကျမဘက်ကတော့ မောင့်အတွက်

အများကြီး မပေးနိုင်ခဲ့ပါဘူး..

ရည်းစားသက်တမ်းတစ်လျှောက်

သူ့ကို၂ခုပဲ

ပြန်ပေးနိုင်ခဲ့တယ်..

စာနာနားလည်မှုနဲ့ သစ္စာတရားပါပဲ………… ကောင်းလိုက်တာဗျာ… အဲ စာသား အဲလို စိတ်မျိုး ကောင်းတယ်ဗျာ

Comment #5

ပျော်စရာ..ပါပဲကဗျာလေးက
တော်တော်ချစ်မယ့်ပုံပါပဲ…..
အမ အရမ်းပျော်မယ်ထင်တယ်နော်….အဲလိုချစ်သူတစ်ယောက်ရထားတာ
အမ ရဲ့လက်ကိုလည်းအမြဲတမ်းတွဲထားနိုင်ပါစေ…လို့ဆုတောင်းပေးပါတယ်။

commentinfo By: pem.poem28 at Sep 4, 2011
Comment #6

လူဆိုးချစ်သူနဲ့ တူလိုက်တာ .. ပြောရင်းသတိတောင်ရလာပြီ … ဟီးးးးးးးးးး

commentinfo By: chityellusoelay at Sep 5, 2011
Comment #7

hote par bu..
ko chit thu ka po p tar tay de.
ko ka snowflake lo myo poem ma yae tat loh.
he,,he,,

just teasing.
he,,he,,
jealous lun loh nout like tar.

commentinfo By: ei lay at Sep 5, 2011
Comment #8

ကြည်နူးမှုတွေကူးစက်စေပါတယ်။
🙂

commentinfo By: anatyong at Sep 5, 2011
Comment #9

အစ်မကောင်လေးက မ ကိုအရမ်းချစ်တတ်လို့ ပါ။
ကျွန်တော်အားပေးသွားပါတယ်။
တသက်လုံး လက်တွဲနိုင်ပါစေ ။……………

commentinfo By: မိုးကြိုး at Sep 5, 2011
Comment #10

တူလိုက်တာ..သူနဲ့..ဟီးဟီး

commentinfo By: Red Demon at Sep 5, 2011
Comment #11

ခံစားရတာလေး ရေးပေးပါဆိုရင်
အားကျမိတယ်လို့ ပြောရမှာပဲဗျာ။ မုဒိတာ ပွားမိပါတယ်။ အချစ်ကို ချစ်တတ်သူတိုင်းကို
လေးစားမိပါတယ်။ ကျွန်တော့်တွက် တစ်စုံတစ်ယောက် အဲလိုကဗျာလေး
ရေးဖြစ်ရင်ကောင်းမယ်။ 🙂

Comment #12

ကဗျာလေးဖတ်ပီးပျော်မိတယ်

commentinfo By: NC at Dec 21, 2011
Comment #13

read again this lovely sweety poem.

commentinfo By: ei lay at May 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment