Professional Authors

“ကံကြမ္မာမှ ကောက်နုတ်ချက်…”

အိပ်မက်ကို လှောင်အိမ်ထဲ
ပြန်သွင်းလိုက်တယ်…
မျက်စိမှိတ်ထားသ၍ သူ့ကိုပဲ လိုက်ရှာမယ်…
လို့လည်း ကြိမ်းဝါးထားတယ်…
…………………………….
ပျံသန်းသွားပါပြီ…
တကယ်…
ပျံသန်းသွားပါပြီ အတိတ်ဆိုတဲ့ သတ္တဝါကြီး
ဒိုင်ယာရီစာမျက်နှာဟောင်းတွေကို
ကတိုက်ကရိုက်ထုပ်ပိုးပြီး
ကောင်မလေးတစ်ယောက်လက်ဆွဲ…
အကြည့်လေးတွေတောင် မပေးတော့ဘဲ
ခပ်ကြဲကြဲတောင်ပံခတ်သံတွေကို ဖန်တီးပြီး
ဟိုး….
အဝေးကို စုန်သွားပြီ…
…………………………….
နာကျင်မှုမှတ်တိုင်တွေကို စနစ်တကျစိုက်ထူရင်း
လောကအဟုန်မှာ …
ပေတေတေနဲ့ တစ်ယောက်တည်းစုန်နေရတဲ့ ဘဝ…
အဲဒါ ကောင်မလေးတစ်ယောက်အပြုံးရနံ့တွေနဲ့
ပျောက်ဆုံးသွားကတည်းက…။…
ဇာတ်လမ်းက အစပျိုးဖို့
စာတန်းလေးတွေ ထိုးနေတုန်းရှိသေး…
မင်းသမီးကို ကသုတ်ကရက် ဆွဲနုတ်ယူလိုက်တဲ့
ဒါရိုက်တာ…
ခေါင်းညိမ့်ရုံပဲ ရှိတော့တယ်…

In: ကဗျာ Posted By: Date: May 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment