Professional Authors

မင်းထွက်သွားတဲ့နေ့

မိုးမရွာပါဘဲ ငါတစ်ကိုယ်လုံး ရွဲရွဲစိုတယ်။

အားရအောင် ငါငိုလိုက်တဲ့နောက်
မောပန်းခြင်း အဆုံးသတ်ဟာလည်း မင်းကိုလွမ်းနေတုန်းပါပဲ။

ငါ မရူးဘူး မ ‘အဘူး
ဒါပေမယ့် နင်အထီး မကျန်ဖို့ ငါအလိုလိုက် အလျော့ပေးလိုက်တာ အဲဒါ အချစ်လို့ခေါ်တယ်။

တကယ် မချစ်ဘဲ နင်က လွမ်းပြတယ်
မလိုအပ်ဘဲနဲ့လည်း လာခဲ့ပါ ခဏခဏခေါ်တယ်။

ညလုံးပေါက် ဘာလို့ စကားတွေ ပြောခဲ့ကြတာလဲ
အတူတူနေကြရအောင်လို့ ဘာလို့ အိပ်မက်တွေ ပေးခဲ့တာလဲ။

မနေ့ကပဲ ငါတို့တွေ သိပ်ချစ်ကြတယ်
ဒီနေ့ပဲ (၀၁.၀၉.၁၁) နင် ငါ့ကို ထားခဲ့ပြီး လေယဉ်ကြီးနဲ့ ထွက်ခွာသွားတယ်။

ဘုရားရေ…
ငါ့မနက်ခင်း ကောင်းကင်မှာ အနီရောင်မိုးတွေနဲ့
မျက်ဝန်းထဲမှာ မိုးတွေရွာတယ်  ဒီနေ့မှာ ငါ သေသွားခဲ့ပါပြီ။

အော်…
ချစ်ရတဲ့သူရယ်…ပြောင်းလဲတတ်မှန်းသိရက်နဲ့
နင့်နောက်ဆုံး စကားတွေ ပြန်ပြန်ယုံတာ ငါ့ပျော့ညံ့မှု။

မင်းထွက်သွားမှာစိုးလို့ ငါ့ကတိကို ဖျက်လိုက်တယ်
Immediate Transferဆိုတာ ငါမနှိပ်ခင်လေးမှာပဲ လက်တွေ တဆတ်ဆတ်တုန်ရင်း
မျက်စိမှိတ်ပြီး မင်းတောင်းဆိုချက်ကို ငြင်းခဲ့တာ အဲဒါ ဝေးမှာကြောက်ခဲ့လို့။

အဆက်မပြတ်ခေါ်လာတဲ့ဖုန်းတွေ မကိုင်ရဲအောင် ငါတုန်လှုပ်နေခဲ့တာ

မဖြေဖြစ်တဲ့ ဒီဖုန်းcallတွေအတွက် နင်များ နာသွားခဲ့သလား။

တဇွတ်ထိုးဆန်လွန်းတဲ့နင်က

ငါ့တံခါးတောင် မခေါက်ဘဲ ထွက်ဖြစ်အောင် ထွက်သွားခဲ့တယ်။

ပြန်ပါရစေ ပြန်ခွင့်ပြုပါ ပြန်မှ ဖြစ်မှာပါဆိုတဲ့ စကားတွေ
ရင်ဘတ်ထဲမှာ ဆူးခံရတာထက် အောင့်တယ် ချစ်သူ။

မမုန်းဘူး မမေ့ဘူး ရင်ထဲ စူးနင့်အောင် ချစ်ရသူ
ဘယ်လိုနေ ထားခဲ့နိုင်ပေမယ့် နင့်ကို လွမ်းနေတုန်းပါပဲ။

In: ကဗျာ Posted By: Date: Sep 2, 2011
Comment #1

တကယ် မချစ်ဘဲ နင်က လွမ်းပြတယ်
မလိုအပ်ဘဲနဲ့လည်း လာခဲ့ပါ ခဏခဏခေါ်တယ်။
ကြိုက်တယ်ဗျအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment