Professional Authors

ကျွန်တော် နှင့် အရူး

ငါ ဟာ အိပ်စက်ဖို့ကြိုးစားခဲ့တာပါ
နင်မလာချင်တဲ့အိပ်မက်ထဲ ငါ အတင်းခေါ်ခဲ့တာ မဟုတ်ဘူး
မျက်လုံးမှိတ်ခဲ့တဲ့နောက်
နင်ပဲရောက်လာအောင်
ငါ ရဲ့ အတ္တစိတ်က များခဲ့တယ်. . . . ။

တကယ်တန်းကျတော့ ငါ ဟာရူးသွပ်ခဲ့သူ
ဒါကို နင်သိလျက်နဲ့
အရူးတစ်ယောက်လို ဆက်ဆံခဲ့တာ ဟာ
နင်မလာချင်ခဲ့တဲ့ အိပ်မက်ထဲ
မသိစိတ်ကို ဖျားယောင်းမှုနဲ့
နင်က ငါ့ကို ကြိုးမိန့်ပေးခဲ့တယ်. . . . ။

ပြီးဆုံးခဲ့တယ် လို့ . . . .
ပြီးဆုံးသွားပြီလို့ . . . .
ငါ့ နှလုံးသားမှာကြေညာစာ ကပ်
ပြီးတော့ နင်ပဲ ကန့်လန့်ကာ ဖွင့်ခဲ့တယ် . . . . ။

ဘယ်လိုပါလဲ မိန်းကလေးရယ် . . . .
ငါဟာ ငါသတ်မှတ်တဲ့ စည်းမျဉ်း နဲ့ ပဲ အံချော်ခဲ့သလို
ငါ့ပြစ်မှု ငါစီရင်နေရတယ် . . . . ။

ငါလေ . . . .
နင့်ကို မုန်းချင်တယ်
နင်လည်း အရူးပဲ ။ ။

In: ကဗျာ Posted By: Date: May 12, 2010
Comment #1

ကောင်တယ်ဗျာ။ ကျွန်တော် အကြိုက်ဆုံး ( ရိုးရိုးသားသားဆိုရင်တော့ အနာကျင်ရဆုံး ) စကားလုံးတွေ ပဲဗျာ။

commentinfo By: NMT at May 12, 2010
Comment #2

ငါ ဟာ အိပ်စက်ဖို့ကြိုးစားခဲ့တာပါ
နင်မလာချင်တဲ့အိပ်မက်ထဲ ငါ အတင်းခေါ်ခဲ့တာ မဟုတ်ဘူး
မျက်လုံးမှိတ်ခဲ့တဲ့နောက်
နင်ပဲရောက်လာအောင်
ငါ ရဲ့ အတ္တစိတ်က များခဲ့တယ်. . . . ။
တော်တော်..ခံစားလိုက်ရတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Aug 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment