Professional Authors

ရေနည်းငါး

ကိုယ့်အကြောင်းကိုယ်စဉ်းစားတိုင်း
အသက်ရှုခဏခဏမှားတယ်
ရှင်သန်နေထိုင်ခြင်းဆိုတာကို
ဘယ်လိုဘာသာပြန်ရမလဲမသိတော့ဘူး။
ခါတိုင်းထက်ပိုရှည်လျားတဲ့ လျှောက်နေကြလမ်းမတွေ
ရပ်တန့်လို့မရလို့ ဆက်လျှောက်နေတဲ့ခြေထောက်တွေ
ဘယ်လိုနည်းနဲ့မှ ရပ်တန့်လို့မ၇တော့ဘူး..
မပြည့်စုံခြင်းဆိုတာက
အသွေးအသားနဲ့ အကျွမ်းတ၀င်ဖြစ်နေတဲ့ ဗိုင်းရပ်စ်တကောင်
မနက်ဖြန်ဆိုတာ
ငါ့အတွက်တော့ အသုံးမကျတဲ့ အလေအလွင့်တခု
တံခါးတွေဖွင့်ထားတယ်ဆိုပေမယ့်လည်း
ဝင်လို့တော့မရခဲ့ဘူး
ငါ့အတွက် မျှော်လင့်ချက်ဆိုတာတွေက
ထာဝရခမ်းခြောက်နေတဲ့ ပင်လယ် …..
ငါ့ လည်ချောင်းထဲက တစ်ဆို့နေတဲ့
အမှန်တရားနဲ့မာနအပိုင်းအစတွေ
မထွေးနိုင်သလို အန်လည်းမထုတ်နိုင်ခဲ့ဘူး….
ဒီလိုနဲ့ပဲ………….
တနေ့ပြီးတနေ့
ရေနည်းငါးလိုပဲ အသက်ရှင်ခဲ့တယ်….။ ။
In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

oh..

commentinfo By: ei lay at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment