Professional Authors

မနက်ဖြန်များ

 

မနက်ဖြန်များ

 

ဘာသာစကားမျိုးစုံ ပညတ်စေ့ဆော်မှုထဲ

ဟောဒီ ကမ္ဘာမြေဟာ အလိုက်ကန်းဆိုးမသိခဲ့တာ မဟုတ်ဘူးဆိုတာ …

 

ထပ်ထပ်ပြီး မွေးဖွားလာတာက ဆန်းဆန်းပြားပြားဖြစ်တဲ့ အတိတ် …

ပစ္စုပ္ပန် … အနာဂတ် … ဒါတွေဟာလည်း စဉ်းစားစရာတွေမဟုတ်

 

အသံတွေဆင့်ဆင့်ကာပေါက်ဖွားလာတော့လည်း ရင့်ကျက်မှုတွေက ပတ္တမြားမြေ

စကားစမြည်တွေကြားမှာ အရောင်မျိုးစုံလည်း မီးစာကုန် ဆီခန်းလုနီးနီး

 

မှားယွင်းခြင်းမစတင်ခင်က လက္ခဏာ အစုစုဟာ ဟောဟို ထောင့်ကိုယ်စီကနေ

ချောင်းမြောင်းခဲ့ရ

သူ့အပြစ်မတင် ကိုယ့်အပြစ်မတင် ပုံရိပ်

နေ့ရယ် ညရယ်က ခုထိနားလည်သေးပုံ မပေါ်သေးဘူး

ဘယ်အကြောင်းအရာမှ ငြင်းပယ်မရ

 

အမှားပါရင်ခွင့်လွှတ်ပါ ဒီကြောင်တောင်တောင် အဓိပ္ပာယ် ဘယ်ဥပမာနဲ့တီထွင်ခဲ့ပါသလဲ

အားငယ်မှုတွေက တဖြည်းဖြည်းပေါက်ဖွားလာခဲ့ကြပြီတဲ့ ဟိုးအဝေးကြီးက လှမ်းပြောနေရဲ့

 

ကြီးကြီးကျယ်ကျယ် ရစ်နေကြတဲ့ ဂုဏ်သိက္ခာအတွက် ဟောဒီကမ္ဘာမြေထဲ လက်မှတ်ရေးထိုးသံတွေ

ထွက်ပေါ်လာပြီ …

 

 

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

လက်မှတ်ထိုးပီးဂုဏ်သိက္ခာတွေကိုဆယ်နေတာတပုံကြီးပဲ..
( အားပေးသွားပါတယ်)

commentinfo By: May Kha at Sep 1, 2011
Comment #2

မင်းမှားငါမှား ဒါကိုမေ့ထားကြရင် ပြဿနာမရှိ။
မင်းမှားတာငါဖော် ငါမှားတာကို မင်းကဆော်မယ်ဆိုရင်
မလှပတဲ့ မနက်ဖြန်တွေရောက်လာတော့မှာပေါ့ကွာ………..

Leave Comments

Name*

Email*
Website
Email me whenever there is new comment