Professional Authors

မနက်ဖြန်မကူးခင်………

//

ဆိုးဆေးနဲ့အကျိုးပေးတဲ့

၂၁ ရာစုခေတ်သစ်ကြီးထဲမှာ

ပြောင်းလဲသမျှခေတ်ကိုမီဖို့

မဟားဒရားပြေးလိုက်နေရတာ

ကြာတော့လည်း………

လူကစက်ရုပ်ဆန်လာပြီ။

တဆင့်ထက်တဆင့်မြင့်တက်လာတဲ့တိုက်တာတွေကြား

ကိုယ့်အတွက်တနေရာကရှားလွန်းတယ်

ထူးဆန်းတဲ့ကပ်ရောဂါတွေနဲ့

လူတွေရဲ့တီထွင်မှုကြား

ငါးတွေလိုသိမှတ်မဲ့ကူးခတ်ကြရတယ်

ဖော်ထုတ်ပြသတတ်တဲ့

ခေတ်သမီးပျိတွေကြား

စုတ်သပ်ပြနေရင်တော့

အူကြောင်ကြားဖြစ်မှာပဲ

လက်နက်မပါတဲံစစ်ပွဲတေက

ပိုလို့တောင်သြဇာကြီးမားပါရဲ့

လွှင့်တင်ထားတဲ့ဂြိုလိတုတွေက

ကိုယ်ရေးကိုယ်တာဆိုတာကိုအသေးအမွှားဖြစ်စေတယ်

ကမ္ဘာ့ရွာကြီးထဲကအငြင်းပွားသံတွေနဲ့အတူ

အိမ်ရှေ့ပူတော့အိမ်နောက်မချမ်းသာပါဘူး

ကွဲလွဲနေတဲ့အယူအဆတွေကို

ကြားဝင်စေ့စပ်ဖို့ဆိုတာကခက်လှပါလား

ငတ်မွတ်ခေါင်းပါမှုဆိုတာကို

ဆီဦးထောပတ်စားရသူတွေကိုယ်ချင်းစာနိုင်ပါ့မလား။

အလစ်ဝင်တိုက်တတ်တဲ့

သဘာဝအန္တရာယ်တွေက

ကမ္ဘာကြီးကိုတမျိုးတဖုံချောက်လှန့်တယ်

သေသေချာချာစဉ်းစားမယ်ဆိုရင်

ခေတ်သစ်လောကက

နည်းနည်းတော့မှားနေတယ်

ခြစားနေတဲ့ကိုယ်ကျင့်တရားတွေက

တိုးတက်မှုနဲ့ပြောင်းပြန်အချိုးကျနေတယ်

ဘာဖြစ်ဖြစ်ပါဆိုပြီး

မျောလိုက်ကြတာကလောကသဘာဝလား

ဖြည်းဖြည်းတိုးကြပါ

မိုးခါးရေကခင်ဗျားတို့အားလုံးအတွက်လုံလောက်ပါတယ်

အယောင်ဆောင်ကတိတွေကြား

ဟုတ်လိမ့်နိုးဗျာများသူတွေလည်းအများသား

အကုန်လုံးသာလိုက်တွေးနေရင်တော့

၂၁ ရာစုက နေဖို့တောင်မကောင်းဘူးပေါ့

အဘက်ဘက်ကဖိအားတွေကြား

လူအဖြစ်ကိုဆက်စခန်းသွားကြမယ်

ပြာယီးပြာယာခေတ်ကြီးထဲမှာ

သုတ်သုတ်လေးခရီးနှင်ကြမယ်

မနက်ဖြန်မကူးခင်…………။                          ။

In: ကဗျာ Posted By: Date: Mar 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment