Professional Authors

ပန်းသီးကျိန်စာ

အဲဒီညက…အိပ်မပျော်ခဲ့ဘူး
ဖြတ်တိုက်သွားတဲ့ လေညှင်းမှာ
သတိရခြင်းရနံ့ လေး နည်းနည်းတောင်ပါမလာခဲ့တာ
သိနေပေမယ့်
မျှော်လင့်နေတယ်ဆိုတာ အပြစ်ကင်းပါတယ်။။။။။။

ဘာမှမတက်နိုင်ခဲ့ပါဘူး
မျှော်လင့်ခြင်းတွေနဲ့ သာ
အသက်၀၀ရှုနေရတာ
ကံတရားက မျက်နှာသာမပေးခဲ့ဘူးလေ။။။

သူမရဲ့ သတိရခြင်းတွေကို ခိုးယူခွင့်ပြုပါ
မနက်ခင်းတွေရောက်တိုင်း
သူ့ အမည်နာမ နဲ့ နေထွက်တာကို ပျိုးရမှာ

ရှိစေတော့
ရတာမလိုတာမဟုတ်ခဲ့ပါဘူး
လိုချင်တာမရခဲ့တာပါ။
ရထားကတော့ထွက်သွားပြီ
မီးခိုးတွေအူပြီးတော့ပဲ ကျန်ခဲ့တာ
သည်ဆောင်းတော့ နွေးမြချင်ပြီလေ။။။။

သိစေချင်တယ်။။။
အလွမ်းတွေနဲ့ ပဲပျိုးထားတယ်ဆိုတာ
တွေးလိုက်ရုံနဲ့ ပြည့်စုံစေမယ်လေ။။
ကမ်းလာခဲ့ပါ
ကြိုနေမယ့်လက်ဖ၀ါးမှာ
ချယ်ရီရနံ့ တွေ သင်းပျံ့ စေမယ်လေ။။။

သူမရဲ့ အနားမှာ ထပ်တူကျစေဖို့ 
ငါဘာတွေဆုတောင်းရမလဲကွယ်
အာဒံရဲ့ ပန်းသီးတစ်လုံးက
ခေတ်အဆက်ဆက်ချစ်ခြင်းတွေနဲ့ ချိုမြခဲ့တာပါ
ငါ့အလှည့်ကျမှာ
ပန်းသီးကျိန်စာ မိခဲ့ရပြီလေ။။။

ဘာပဲဖြစ်ဖြစ်
ချစ်ခဲ့တယ်…….
ချစ်မိခဲ့တယ်…….
ချစ်မိသွားတယ်………
ချစ်နေဦးမယ်……..

မျှော်လင့်ဆဲပါ။။။။။။

In: ကဗျာ Posted By: Date: Aug 26, 2011
Comment #1

ကောင်းတယ်ဗျာ ကဗျာလေး ဖတ်ရင်း ခံစားသွားတယ်

commentinfo By: မယ်မနော at Aug 26, 2011
Comment #2

woe…
woe…
chit mi twar de.
chit nay ong me.
hmyaw lint se par.

commentinfo By: ei lay at Aug 27, 2011
Comment #3

realy really nice
so much touchingggggggggggggg

commentinfo By: ei lay at Aug 24, 2012
Comment #4

@__#
@__&

commentinfo By: ei lay at Oct 26, 2012
Comment #5

ကော်ပီထားလိုက်တယ် အရမ်းနှစ်သက်လို့ပါ

commentinfo By: maypyo22889 at Nov 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment