Professional Authors

ဆူးပင်

ငါ့ကိုအရမ်းမချစ်နဲ့..

 

ငါဟာကန္တာရ ဆူးပင်..

ငါ့ကို ထွေးပွေ့ချင်သူတိုင်း နာကျင်ရတယ်..

 

ငါ့အနားမှာနေရင် ရေမငတ်ပေမယ့်

နေတော့လောင်လိမ့်မယ်..

 

ငါကိုယ်တိုင်ကတော့ အမြဲရှင်သန်လိမ့်မယ်

တစ်ကိုယ်ထီးထဲ..

 

ခက်ခဲကြမ်းတမ်းမယ့်ခရီး 

မင်းခံနိုင်ရည်ရှိမှလာခဲ့..

 

 

ရောက်ရင်နောက်ပြန်မလှည့်ကြေး..

တံလျှပ်ကိုရေထင်.. 

ဒီရင်ကို စုံကန်မထွက်ကြေး..

 

သေချာပြီဆိုလာခဲ့

 

ငါဟာကန္တာရ ဆူးပင်..

ငါ့ကို ထွေးပွေ့ချင်သူတိုင်း နာကျင်ရတယ်။    ။

 

 

 

*Snowflake*  

24/08/11 (10.50am GMT) 

In: ကဗျာ Posted By: Date: Aug 24, 2011
Comment #1

tay char p so lar ke.
yout yin pyan ma hle kyay.

commentinfo By: ei lay at Aug 24, 2011
Comment #2

သေချာပြီဆိုလာခဲ့ ……..
ကန္တာရ ဆူးပင် …. အရမ်းကောင်းတယ်

commentinfo By: တိမ်တိုက် at Aug 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment