Professional Authors

အိပ်မက်သခင်သို့

အချစ်ရဲ့နေ့စွဲ
အလွမ်းရဲ့မှတ်တမ်း တစ်ခု
ငါတွေ့ခဲ့တဲ့ သူမ
ငါချစ်ခဲ့တဲ့ သူမ
ငါ နှစ်သက်ခဲ့တဲ့သူမ
မချောပေမယ့်
နှစ်သက်ဖွယ်
အမူအ၇ာ
နှစ်သက်ဖွယ်
အပြုံးလေး ပိုင်တဲ့ သူမ
အပြစ်ကင်းတဲ့လေသံ
အပြစ်ကင်းတဲ့မျက်နှာ
အပြစ်ကင်းတဲ့အပြုံး
ပိုင်ဆိုင်ထားတဲ့သူမ
အခု ခေတ်က
ဗျူးတီးစလွန်းတွေ
များပါချေရဲ့
အလှကုန် ပစ္စည်းတွေ
များပါလေရဲ့နဲ့
သဘာဝအလှ
သဘာဝ ဘ၀နဲ့သာနေတတ်သူ
ရိုးသားတဲ့ဟန်
ကြိုးစားတဲ့ ဟန်
မိန်းကလေးတစ်ယောက်က
ချောအောင်လုပ်လို့ရပေမယ့်
ချစ်ဖို့ကောင်းတာကတော့
ူသူမရဲ့ဘု၇ားပေးတဲ့
လက်ဆောင်မွန်ပါ
မင်းကို ကိုယ် အရမ်းချစ်ပါလေရဲ့ဗျာ
ထိုထက်ပို ထိုထက်မွန်မြတ်
ထိုထက်သန့်ရှင်း ထိုထပ်သေသပ်သော
စကားလုံး များရှိပါက
ကျွန်တော် ၏ အိပ်မက်များကို
အစဉ်အမြဲသိမ်းပိုက်ထားလေသော
သူမ အား လက်ဆောင်အဖြစ်ပေးပါရစေ…..။
မြတ်နိုးခြင်းများစွာဖြင့်…..။့

In: ကဗျာ Posted By: Date: Aug 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment