Professional Authors

အို…ကွယ် …ဂလု

အတွေးချိုချို ဘေးပျိုမလိုတယ်

ကိုးလုံးဆရာ အရေးကောင်းလို့

စာကိုးတွေတောင် မျက်ရည်ကျ

လေးပါဒ စာချည်း တသွင်သွင်စီးပြန်တော့

ရသကိုးသွယ် ရောင်ပြန်ချယ်သတဲ့….။

မော်ဒန်ညပေမို့ ချစ်နှမ ယာဇကာလှည့်သလို

ပဒေသာအကတွေနဲ့ ဆဲ့နှစ်ကြိုး ကကြိုးတောင်

သူတော် မေ့လောက်တယ် ယခုည သဘင်လယ်

ရှုမဝ သခင်ညာတယ် တွေ့မရှောင် လက်သယမ်းတွေကြောင့်

အို…ကွယ်……ညောင်းလှသလေ…….။

ရသကိုးသွယ် စာကိုးရယ်က

အရီးအိမ် အလည်ရောက်လေတော့

တောက မောင် ယောင်တောင်တောင်နဲ့

ငေးမောရ မော်ဒန်ကညာပျို

ထွေးထုတ်ခက် တံတွေးတွေကို

မျိုသိပ်ကာ ဖြေသိမ့်ခဲ့ရ

ဂလု သံစဉ်တွေကို မော်ဒန်ဆောင်

ကိုယ်လူပျိုရယ် တွေးချိုကာ

ငါးမရတော့ ရေချိုးခဲ့လေ…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 21, 2011
Comment #1

တောက မောင် ယောင်တောင်တောင်နဲ့

ငေးမောရ မော်ဒန်ကညာပျို

ထွေးထုတ်ခက် တံတွေးတွေကို

မျိုသိပ်ကာ ဖြေသိမ့်ခဲ့ရ

ဂလု သံစဉ်တွေကို မော်ဒန်ဆောင်

ကိုယ်လူပျိုရယ် တွေးချိုကာ

ငါးမရတော့ ရေချိုးခဲ့လေ…။

commentinfo By: Daw Shwe A at Oct 21, 2011
Comment #2

အရီးအိမ် အလည်ရောက်လေတော့

တောက မောင် ယောင်တောင်တောင်နဲ့

ငေးမောရ မော်ဒန်ကညာပျို

ထွေးထုတ်ခက် တံတွေးတွေကို

မျိုသိပ်ကာ ဖြေသိမ့်ခဲ့ရ

ဂလု သံစဉ်တွေကို မော်ဒန်ဆောင်

ကိုယ်လူပျိုရယ် တွေးချိုကာ

ငါးမရတော့ ရေချိုးခဲ့လေ…။

Comment #3

တကယ်ကောင်းတဲ့ကဗျာ တစ်ပုဒ်ပါပဲဗျာ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 21, 2011
Comment #4

အားလုံးကို ကျွန်တော် ကျေးဇူးတင်မိပါတယ်……….ကျွန်တော်ကိုယ်တိုင်လည်း ….ဆက်လက်ကြိုးစားနေဆဲပါ….

Comment #5

ငါးရအောင်တော့မဖမ်းဘဲနဲ့

commentinfo By: Daw Shwe Ah at Oct 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment