နေမင်းငေးသူ
နေမင်းကို ငေးကြည့်မိသူ
သူ့ဘ၀တစ်ခုလုံးလောင်ကျွမ်းရ
မျက်ဝန်းတွေတောင် ဆုံးရှုံးခဲ့ရပေါ့…
နေမင်းကြွေမှာ စောင့်နေသူလား
နေမင်းကွယ်မှာ စောင့်နေသူလား..။
သူ့မျက်ဝန်း က ရင်တွင်းကြည့်ဖို့တံခါးဆိုရင်
ငါတို့အဲ့ဒီတံခါးကို မမြင်နိုင်ဘူး….
သူ့မျက်ဝန်းတွေ ကြောင်တောင်ကန်းနေပေါ့…….။
သူတမ်းတရာက ဘာလဲ..
သူ့ မျှော်လင့်ခြင်းမှာ သူဘယ်အရာတွေ
ပြန်ရခဲ့သလဲ…။
မေးခွန်းများ…
လူ့ အန္ဓတို့ အလုအယက်မေးမြန်းကြ…
ရေပေါ်ဆီလူတန်းစားများ နှုတ်ခမ်းတွန့် လှောင်ရီကြ
ပညာရှိဆိုသူများ နားနှစ်ဖက်စွံကားပြီး နေရာယူကြ..။
နေမင်းကို မော့မကြည့်ခဲ့သူ မိတ်ဆွေတို့..
ခင်ဗျားတို့အတွက်တော့ ကြေကွဲစရာပေါ့.။
နေမင်းရဲ့ထာဝရအလင်းကို
စောင့်မျှော်သူမို့
သူရရှိခဲ့တာက ဘယ်သို့ဆိုစေ
ခင်ဗျားတို့မသိလိုက်ခင် သူပိုင်ဆိုင်ခဲ့တာ
သူ့ရင်တွင်းတစ်နေရာမှာ ထာဝစဉ်တည်ရှိတော့မယ့်
အလင်းအမြုတေ….။
Comment #2
သူရိန်နေမင်းကြီးကိုတော့ မငေးဖူးဘူးဗျ ဒါပေမယ့် မော့ကြည့်ဖူးပါတယ် ကဗျာကောင်းတစ်ပုဒ်ဘဲ အားပေးသွားတယ် ။
By: X - ray at Aug 21, 2011
Comment #3
မျက်စိရှိတယ် အမြင်မရှိဘူး …
အဲဒီလူတွေကို မျက်စိမရှိ အမြင်ရှိတဲ့ပုဂိုလ်တွေက မျက်စိစပါးမွှေး မဆူးဘူးဗျ…
အမြင်မရှိတဲ့လူတွေကသာ နေကာမျက်မှန်တပ်တယ်ထင်ပါရဲ့
ဒသန တစ်ခုပါပဲ
အားပေးသွားတယ်ဗျာ …
By: mgchannaye at Aug 26, 2011




Comment #1
ဒီကဗျာကိုဖတ်မိတော့ ရွှေတိဂုံဘုရားပေါ်က နေကိုကြည့်နေတဲ့ လူတွေကို
မြင်မိတယ် ဒါပေမယ့် ဒီလိုတစ်ခါမှ မစဉ်းစားမိဘူး