Professional Authors

နည်း နည်း ကြည့် ပေး ပါ

ဟင်းတစ်ခွက်ကို
ဗိုက်ဝအောင်ဘဲစားသုံးခဲ့သူ
အပေါ့  အငန်  ဆင်ခြေမတက်တတ်လို့
ဖြောင့်ချက်..အပေးကောင်းလွန်းတဲ့..မင်း
အနိုင်ရသွားတာမဆန်းပါဘူး…..။

အနာဂတ်ကိုဘဲ
ပြေးပြေးကြည့်တဲ့ငါ
အတိတ်ကို…အမြစ်လှန်တတ်တဲ့မင်းနဲ့
ဘက်ပဲ့ချက်တွေ
တိုက်ဆိုင်သွားတာမဆန်းပါဘူး…..။

အမြဲလိုလို
ငုံ့ ကြည့်နိုင်တဲ့မင်း  အပြုံးတွေ…ဝေနေခိုက်
အမြဲတမ်း..မော့ကြည့်ရတဲ့..ငါ
မျက်လုံးတွေနာကျင်နေပြီ
အရိပ်..တွေလည်း ဆွေ နေပြီ
မိုး နဲ့ မြေ ထိ..တောင်  မင်း နဲ့ ငါ မနီးနိုင်ပါဘူး…..။

မင်းနဲ့ ပတ်သက်ရင်  ငါ့ဘက်ကအမြဲ
လက်..နက်..ချ..ထား..တယ်

မင်းသတင်းကြားရင်  ငါအမြဲ
အ..လံ..ဖြူ..ထူ..ထား..တယ်

မင်း ညှို့ချက်ပြင်းတိုင်း  ငါ့ဘက်ကအမြဲ
ရင်..ခုန်..သံ..တွေ..ထိန်း..ထား..တယ်

မင်း အခြေအနေပေးတိုင်း  ငါ
စ..ကား..လုံး..တွေ..ဆွံ့..အ..ထား..တယ်

မင်း တွေဝေတိုင်း  ငါ့ဘက်ကအမြဲ
ဟန်..ဆောင်..ထား..တယ်

ငါ့ အချစ်တွေ…ဟန်ဆောင်ကောင်းပေမယ့်
သရဖူ..ဆောင်းပေးသူ  မရှိခဲ့ဘူး
သနား..ကမား  ငါ့နှလုံးသားတော့
မျက်ရည်လည်ဆွဲလေးနဲ့…..
မှောင်..မိုက်..မှာ လမ်းပျောက်နေပေါ့ ။

စ ကား တစ် ခွန်း တောင် အမြီး အမောက် မတည့်သူကိုမှ…..
ရင်ခုန်သံတွေ ကာရန်လာညှိခိုင်းတယ်

အချစ် နဲ့ အရော မဝင်ချင်သူကိုမှ…..
မမြင်နိုင်တဲ့ကြိုးတွေ  လာလာချည်တယ်

အလွမ်း နဲ့ ဓာတ် မတည့်သူကိုမှ…..
အလွမ်းအိမ်စာတွေ  လာလုပ်ခိုင်းတယ်
မင်း..ဘယ်လို..လူ..လဲ

တကယ်တော့  ငါ..မင်းကို
ဝင်လာဖို့  မကြိုဆိုရဲသလို
ထွက်သွား..လို့လည်း  မပြောရက်ခဲ့ဘူး
မင်း..အတွက်  အမှတ်တမဲ့တွေက
ငါ့ ဖို့  အမှတ်တရအဖြစ်ဆုံးဘဲ…..။

မင်း..ပေး..တဲ့  မဟူရာမျက်ဝန်းတွေ
မင်း..ပေး..တဲ့  သံစဉ်ချိုလေးတွေ
မင်း..ပေး..တဲ့  ရယ်သံလှလှလေးတွေ
မင်း..ပေး..တဲ့  ခြေသံခပ်ပြင်းပြင်းတွေ
မင်း..ပေး..တဲ့  မျက်စောင်းထက်ထက်လေးတွေ
မင်း..ပေး..တဲ့  နွေးထွေးတဲ့အငွေ့အသက်တွေ  ကြောင့်
ငါ့ရင်ခွင်  အဆိပ်တက်နေပြီ
ဖြေဆေးရှိက
ဒီလူနာလေး
အသေဝေးအောင်
နည်း..နည်း..ကြည့်..ပေး..ပါ ။ ။ ။

19.8.2011.
11:30 pm



In: ကဗျာ Posted By: Date: Aug 20, 2011
Comment #1

mike de kwar,
a yan kyike de,
lone wa lan de.

commentinfo By: ei lay at Aug 20, 2011
Comment #2

အနာဂတ်ကိုဘဲ
ပြေးပြေးကြည့်တဲ့ငါ
အတိတ်ကို…အမြစ်လှန်တတ်တဲ့မင်းနဲ့
ဘက်ပဲ့ချက်တွေ
တိုက်ဆိုင်သွားတာမဆန်းပါဘူး…..။
..မိုက်တယ်ဟေ့…….

commentinfo By: အသဲကွဲမိုး at Aug 20, 2011
Comment #3

တစ်ပုဒ်လုံးကြိုက်တယ် ဆိုတာထက် ပြောစရာစကားမရှိ

commentinfo By: Nat Khat Sue at Aug 20, 2011
Comment #4

ငါ့ရင်ခွင် အဆိပ်တက်နေပြီ
ဖြေဆေးရှိက
ဒီလူနာလေး
အသေဝေးအောင်
နည်း..နည်း..ကြည့်..ပေး..ပါ ။ ။ ။
ကောင်းလိုက်တဲ့စာသား…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 20, 2011
Comment #5

အားပေးသွားတဲ့ အိလေး ၊ အသဲကွဲမိုး ၊ နက္ခတ်ဆူး ကျေးဇူးအများကြီး တင်တယ်ဗျာ ။ အမှန်တော့ အခုတလော တော်တော်စိတ်ဆင်းရဲနေတာ ဒါပေမယ့် ကဗျာညီအစ်ကိုမောင်နှမတွေ အားပေးမှုကြောင့် ဒီ site လာတိုင်းပျော်ရပါတယ် ကျွန်တော့ကဗျာတွေ ဖတ်ရှုသူ ၊ ဖတ်ရှုအားပေးသူအားလုံး စိတ်အေးချမ်းပါစေ ။

commentinfo By: X - ray at Aug 20, 2011
Comment #6

အော် geniusရေ အားပေးတာ မမြင်လိုက်မိဘူးဗျ ကျွန်တော့ကဗျာလေး အားပေးလို့ ကျေးဇူးအများကြီးတင်တယ် ကိုgenius ။

commentinfo By: X - ray at Aug 20, 2011
Comment #7

ကောင်းပါတယ်
ဖြေဆေးရှိက
ဒီလူနာလေး
အသေဝေးအောင်
နည်း..နည်း..ကြည့်..ပေး..ပါ ။

စားသားတွေကလန်ထွက်နေတာပဲ

X – ray ကအသစ်ထင်တယ်နော်

commentinfo By: virus at Aug 20, 2011
Comment #8

လူဆိုးပြောသလိုလုပ်ပါဆို … အကို X-ray ကလဲ … ဖြေဆေးကလွယ်လွယ်လေးကို …
အားပေးသွားပါတယ်အကို … 🙂

commentinfo By: chityellusoelay at Aug 20, 2011
Comment #9

အားပေးသွားတဲ့ virus နဲ့ လူဆိုး ကျေးဇူးဘဲဗျာ ။

commentinfo By: X - ray at Aug 20, 2011
Comment #10

လူဆိုးပြောသလိုလုပ်ကြည့်နော်အကို X-ray .. 😛

commentinfo By: chityellusoelay at Aug 20, 2011
Comment #11

ဘာကိုလဲ ကိုလူဆိုးရေ ကိုလူဆိုးကလည်း လာလာစားတယ်နော် ( just kidding) ။

commentinfo By: X - ray at Aug 20, 2011
Comment #12

အချစ် နဲ့ အရော မဝင်ချင်သူကိုမှ…..
မမြင်နိုင်တဲ့ကြိုးတွေ လာလာချည်တယ်

အလွမ်း နဲ့ ဓာတ် မတည့်သူကိုမှ…..
အလွမ်းအိမ်စာတွေ လာလုပ်ခိုင်းတယ်…arr lone yin ko lr lr mhan tal..ko x.ray yay…

commentinfo By: shwezin myatno at May 31, 2013
Comment #13

အခုမှ စာပြန်ဖြစ်တဲ့အတွက် sorry ပါ ရွှေစင်မြတ်နိုးရေ
ကဗျာကိုအားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ ~

With respect,
RAY

commentinfo By: X - ray at Jul 12, 2013
Comment #14

စ ကား တစ် ခွန်း တောင် အမြီး အမောက် မတည့်သူကိုမှ…..
ရင်ခုန်သံတွေ ကာရန်လာညှိခိုင်းတယ် kyite tal =)

commentinfo By: Snowflake at Jul 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment