Professional Authors

မင်း နဲ့  ငါ ………ငြင်းခုန်ဖို့ မေးခွန်း…….!!!

မင်း နဲ့  ငါ ………ငြင်းခုန်ဖို့ မေးခွန်း…….!!! 

                 -၁-  

 ပထမဆုံး ပြောမှာက အချစ်အကြောင်းမပါဘူးကွာ…………
 ငါတို့ ရိုးရိုး ရှင်းရှင်း ငြင်းကြမယ်…….
  ” မင်း သဘောတူလား….”
( မင်းခေါင်း ငြိမ့် သို့ မဟုတ် ခေါင်းခါ တစ်ခုခု စိတ်ထဲက နေလုပ်ကြည့်ပါ..)  ဒါမျိုးတွေ အများကြီးလာဦးမှာ….

          -၂-
 ပထမဆုံးက..ငါတို့ ဟာ ကမ္ဘာ လား…ဂြိုလ်လား ဆိုတာ ပထမဆုံးမေးရလိမ့်မယ်….
မင်းကိုယ်မင်းဘယ်မှာနေနေတယ်ထင်လဲ…..
ဟုတ်တယ်………ငါက ဟို အရင် ၁၈ နှစ်ကျော်ကျော်ကတည်းက
ပေါက် ကရလုပ်တက်တယ်….. မင်း ဘ၀ကို ငါမသိချင်သလို  ငါဘ၀ ကိုတော့မင်းကို
သိစေချင်တယ်ဆိုတာ…. မင်းကိုယ်မင်း ယုံလား……

         -၃-

 ဒုတိယ မေးခွန်းက
ငါ့ တစ်ဘ၀ လုံးကို နီယွန် တွေ ကြားမှာ ဖြတ်သန်းခဲ့ဖူးတယ်…
 ဒါတွေ ဟာ ဧကရာဇ်မင်းတစ်ပါးစာ တော့
မဟုတ်ခဲ့ဘူး….. ငါချိုချဉ် တစ်လုံးကိုတော့ စုပ်ဖြစ်ခဲ့တယ်…..
ညတိုင်း အိမ်မက်မမက်ခဲ့ဘူး….
မနက်တိုင်း  ရေတစ်ခွက်စာတော့ သောက်ဖြစ်ခဲ့တယ်…
မင်းအတွက် ငါ့နေရာကို မဖယ်ပေးနိုင်ဘူး….(ဒီမှာ ဟေ့ကောင်…)
မင်းဘ၀ အကြောင်းကို ငါမသိချင်ဘူး…….(နောက်တစ်ခါထပ်ပြောဦးမယ်)
မင်းဘ၀ အကြောင်းကို ငါတကယ်မသိချင်ခဲ့ဘူး…………

—မင်းက ကော ငါ့ဘ၀အကြောင်းကို သိချင်ပါ့မလား….

             -၄-

မင်း -င်ခေါင်းမကျယ်နဲ့  ဟေ့ကောင်   (ရိုင်းသွားရင် ခွင့်လွတ်ပါ..)
ငါ့ အတ္တ တွေ ပို နေတယ်လေ…… ဒါဆိုမင်း ရင်ဆိုင်နိုင်မလား…
ငါတစ်ယောက်တည်း ရွှေ့ လျှားခိုင်းတယ်ဆိုရင်တော့….
သတ္တမ မြောက် လွန်ဆွဲ ပွဲတိုင်းကို   ငါ  ကြိုးမကိုင်နိုင်ဘူး  ..သူငယ်ချင်း….
မင်းကိုငါပြောပြချင်တာက…
ငါ့ ပါးစပ်ကို ငါဆွဲ ပိတ်ပစ်လိုက်တယ်….
အဲ့သည့်လိုဆွဲပိတ် ပစ်နိုင်တယ်ဆိုတာ အချစ်ကြောင့်ပဲလေ….

           -၅-         
 
တတိယ မေးခွန်း….

မင်းမှားသွားပြီ… မင်းပဲ အချစ်အကြောင်းမပါကြေ ဆို……( ဟားဟားဟား …)
ဒါမပါ ရင်ကော မရဘူးလား….?

ဟင့်အင်း….. လုံးဝမရဘူး…..

ငါက စနေ သား တစ်ယောက်မဟုတ်ခဲ့သလို တနင်္ဂနွေ သားလည်းမဟုတ်ခဲ့ပါဘူး…
ငါက ခံစားတက်တယ်..
 နာကျဉ်းတက်တယ်…

( ဗြောင်း……) နာရင်းအုပ်သံ…..

ခွေးသား… သီချင်းအကြောင်းလာမပြောနဲ့ ……

(တိန်….) အဲ့သလိုလား…….ဒါဆို မင်းနဲ့ ငါနဲ့ ကြားမှာ သီချင်းအကြောင်းလည်း မပါကြေပေါ့….

အေးဟုတ်တယ်…..

——၆——

မေးခွန်း   ၎

မိုးလေ၀သ တိုင်းမှာ  ရာသီဥတုမရှိဘူး……

ဟားဟား…ဒါတော့ မင်းမှားတယ်သူငယ်ချင်း……..
ရာသီဥတုဆိုတာ မရှိရင်…. မိုးလေ၀သမှာ ခန့် ထားတဲ့ ကောင်တွေ က အရူးတွေ မို့ လို့ လား….

မဟုတ်သေးဘူး….ကမ္ဘာက ဘယ်လိုလည်ပတ်သလဲကော မင်းသိရဲ့ လား
ငါကိုယ်တိုင်က နေမင်းတစ်စင်းတော့မဟုတ်ဘူးနော်…..
ငါကိုယ်တိုင်က မင်းအတွက်လောင်ကျွမ်းသွားစေနိုင်သလား

—–၇—-

 တော်တော်… ငါမင်းနဲ့ မေးခွန်း ဆက်မမေးချင်တော့ဘူး…..
ငါမင်းကို မုန်းတယ်………………

ဟ ကောင် ငါတို့ ဆွေးနွေးတဲ့ အထဲမှာ အချစ်အကြောင်းမပါဘူးလေ……….

တိန်…ဟကောင် မဟုတ်ဘူးလေ…ငါ က မင်းကို မုန်းတယ်လို့ ပြောတာ…………..

အဲ့ဒါပဲကွ… မင်းတို့ က တစ်ယောက်ယောက်ကို မုန်းတယ်ဆိုတာ မင်းတို့ စိတ်ထဲမှာ အဲ့ဒီလူဆိုတာရှိနေလို့ ပဲ….

—၈—–

တော်ပြီဟကောင် ငါမင်းနဲ့ မငြင်းချင်တော့ဘူး….ဒါနဲ့ …မင်းက ဂေါက်နေတာလား….ဒါမှ မဟုတ်PHYSCHO ဖြစ်နေတာလား…

ဟာ…………..
မင်းတော်တော် ရိုင်းတာပဲ…..လူတစ်ယောက် တော်တယ်ဆိုတိုင်း…အဲ့လိုတော့မပြောနဲ့ လေကွာ

– အန်…မင်းဟာက တော်တာမှမဟုတ်တာကွ…ပေါက်ကရတွေ လျှောက်ပြောနေတာပဲ…

-အေး…ပေါက်ကရက လျှောက်ပြောတယ် ဆိုတာ ကုသိုလ် ကံနဲ့ လဲဆိုင်တယ်….မင်းကောပြောတက်လား………

!!@@#$$%%^&
@#%^^*(%$@@
$$%%^#####@@@

-9-
အဲ့သလို နဲ့  အငြင်းခုန်တစ်ခါ ငါ လုပ်ခဲ့ တယ်…….
အဲ့ဒါက တစ်ခြားလူတစ်ယောက် မဟုတ်ခဲ့ပါဘူး…..
ငါ့ ကိုယ်ငါ ပြန်ငြင်းခုန် ခဲ့တာပါ……

-၁၀- 
မင်းကိုယ်မင်းကော ပြန်ငြင်းဖူးလား…….

                                                                           ARKER
                                                                         1.12.2013

In: ကဗျာ Posted By: Date: Dec 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment