Professional Authors

ရန်ကုန်

ကားတွေနဲ့လူတွေ ရှုပ်ရှက်ခတ်နေတတ်တဲ့မြို့

မေးခွန်းတစ်ခုအတွက် အဖြေတွေအများကြီးရှိနေတဲ့မြို့

လက်ကိုင်ဖုန်း နဲ့ကော်ဖီဆိုင် ယဉ်ကျေးမှုတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲတတ်တဲ့မြို့

ပူလောင်မှုတွေနဲ့ အသားကျနေတဲ့ မျက်နှာတွေနဲ့ ရုန်းကန်နေကြတဲ့ ဘ၀အသီးသီးကို လက်ခံထားတဲ့မြို့

မျဉ်းကြားကဖြတ်ကူးနော်ဆိုတဲ့ သတိပေးသံတွေ ခဏခဏကြားကြားရတတ်တဲ့မြို့

ရုပ်ရှင်ရုံတွေမှာ လူပြည့်နေတတ်ပီး မီးပျက်ပြန်ပီဗျာ လို့ ခဏခဏ အသံကြားရတဲ့မြို့

ညဘက်ယဉ်ကျေးမှုမှာ လမ်းဘေးဈေးဆိုင်တန်းတွေနဲ့ ကြိတ်ကြိတ်တိုးလူတွေကြားထဲ ပျော်ချင်ယောင်ဆောင်နေတဲ့မြို့

တိုးတက်ပါတယ်ဆိုတဲ့နေရာမှာ မိုးထိအောင်တိုက်တွေမြင်နေရလဲ
တချို့နေရာတွေမှာ ရွာသာသာ သာ ရှိနေသေးတဲ့မြို့

ကုန်းကျော်တံတားတွေနဲ့ ပလာဇာတွေ ကားတွေနဲ့လူတွေ အသားတကျလှုပ်ရှားနေတဲ့မြို့ကြီး …

ဘယ်နေရာကြည့်ကြည့် ခိုအိမ်တွေနဲ့ ခင်ရာဆွေမျိုးဆိုတာတောင် မရှိတဲ့မြို့

အိမ်ပြန်ချိန်မှာ ညည်းညူသံတချို့ကို ကားမှတ်တိုင်မှာတောင် အမှတ်မထင်ကြားရတတ်တဲ့မြို့

တနေရာကနေတနေရာ သွားလာဖို့တောင် ကားတစ်စီးကိုမှ အားမကိုးတတ်ရင် မလွယ်တဲ့မြို့

သူ့ဟာသူတော့ အသားတကျပဲ ငါ့မှာသာ သူစိမ်းပြင်ပြင် ……..

ဟိဏ်းဇော်အောင်

In: ကဗျာ Posted By: Date: May 11, 2010  
Comment #1

(: ♫♪ ရန်ကုန်မြို့ကြီးလည်း အရင်တိုင်းပဲ ♫♪
ရန်ကုန်ကဗျာတွေပဲ စုထားတဲ့ အထဲ ထည့်လိုက်ပြီဖြစ်ကြောင်းပါ.. (:

commentinfo By: melodyphyO at May 12, 2010
Comment #2

ကောင်းပ…ဗျာ….။ ရန်ကုန် က အခုတော့ မြို့မဟုတ်တော့ဘူးဗျ…တောဖြစ်သွားပြီ။

ဒီမှာ စကား တောင်ရှိသေးတယ်.။ မီးမှန်ရေ မှန်ချင်ရင် ရန်ကုန်မှာ မနေနဲ့ မြို့မှာသွားနေလို့…

commentinfo By: အငွေ့ at Jun 22, 2010
Comment #3

ရန်ကုန်ကဗျာတွေချည်းပဲစုထားတာ ဘယ်မှာလဲ…….
ပြောပြပါလား ….ဖတ်ချင်လို့

commentinfo By: aunghmuekoko at Aug 28, 2010
Comment #4

ကောင်းတယ်ဗျ
ရန်ကုန်မြို့ အကြောင်းကို မျက်လုံးထဲ ပေါ်အောင်ရေးထားတာ
ထပ်ရေးပါဦး အကိုရေ

commentinfo By: Lazy Poet at Dec 21, 2010
Comment #5

ကြိုက်တယ်ဗျာ။အားပေးနေပါတယ်

commentinfo By: Village chat kyi at May 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment