Professional Authors

ခဏတာ ဧည့်သည်

ဝမ်းဗိုက်တံခါးမှ
ငါလောကအိမ်အတွင်း ဝင်လာခဲ့တယ်..
ဒုက္ခ၊သုခက ငါ့ကိုဧည့်ခံတယ်..
အချစ်၊အမုန်းတွေက
ငါ့ကိုနောက်ပြောင်ကြတယ်..
ဉာဏ်ပြတင်းပေါက်က
အလင်းဝင်သလို အမှောင်လဲ
ငါ့ထံဝင်လာတယ်..
မရဏကငါ့ဘေးမှာ
အမြဲတမ်းကပ်ထိုင်နေတယ်..
သူတို့အားလုံးက
ငါ့ကိုမရိုးနိုင်တဲ့နည်းတွေနဲ့
ဧည့်ခံတယ်..
ငါပြန်ချင်နေပြီ
ဒါပေမယ့်..
သူတို့ ငါ့ကိုမနှင်ထုတ်ကြသေးဘူး..

In: ကဗျာ Posted By: Date: Aug 19, 2011
Comment #1

ငါပြန်ချင်နေပြီ
ဒါပေမယ့်..
သူတို့ ငါ့ကိုမနှင်ထုတ်ကြသေးဘူး..
အရေးအသားတွေလန်းတယ်ဗျာ … မျှဝေခံစားသွားတယ်နော် ။

commentinfo By: chityellusoelay at Aug 19, 2011
Comment #2

ကိုလူဆိုး အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ
အရေးအသားတွေကို အမြဲတမ်းဖန်းတီးနေချင်ပါတယ်
ရင်ထဲက ကဗျာတွေကိုလည်း တစ်ချိန်မှာ ဖွင့်ထုတ်ချင်ပါတယ်

commentinfo By: G.T13 at Aug 19, 2011
Comment #3

ဟုတ်ကဲ့အကို …ကဗျာဆိုဒ်ထဲကညီအကိုမောင်နှမတွေကအားပေးနေမှာပါနော် … 🙂

commentinfo By: chityellusoelay at Aug 19, 2011
Comment #4

အားပေးသွားတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment