Professional Authors

စိုးထိတ်မိတယ်

လူတွေက…..ငါတို့နှစ်ယောက်ကိုဘာလို့ဝေးခိုင်တာလဲ

ဘာသာ..မတူလို့ ခွဲတာလား…
နင်က ငါ့ထက် ငါ့ကိုမချစ်လို့လား..
ငါက နင့်ထက် နင့်အပေါ်မချစ်နိုင်ဘူးလို့ထင်နေလို့လား
ငါတို့အကြောင်း စကားစ လိုက်ရင်…
လူတွေက ဘာလို့ခေါင်းကြီးခါနေတာလဲ…..
နင် မချစ်နိုင်လဲ……..
ငါလေ……….နင့်လက်ကိုဆွဲပြီး……
ငါ့အချစ်ဆုံးဆိုတာ…….နင်ပဲလို့ပြောပြလိုက်ချင်တယ်
ဒါပေမဲ့ ငါဆွဲမိတာ.နင့်လက်ကလေးလို့ထင်နေပေမဲ့….
လေဟာနယ်တွေ …ဖြစ်ဖြစ်သွားတယ်

…….

….

…..

အဆင့်အတန်းတွေလိုလို့လား ငါတို့ကြားမှာ

ပညာအရည်အချင်းတွေလိုနေလို့လား

ဂုဏ်ဒြပ်တွေလိုနေလို့လား…
……..
နင့်ဘက်မှာ မပြည့်စုံလဲ….

အရာရာအာလုံး…….နင့်အချစ်တစ်ခုတည်းနဲ့ပြည့်စုံတယ်..ငါ့အတွက်က
ဘာမှမလိုဘူး……
အဲဒါတွေ ထပ်ခါထပ်ခါပြောနေလဲ
လူတွေက ခေါင်းကြီးပဲခါနေတယ်
ဘာလို့လဲ……..
…..
ကမ်းလက်ခိုင်မြဲပေမဲ့..
လှမ်းမဲ့လက်……လေထဲမှာပဲ…..ပျောက်သွားမှာသိနေလို့လား
.

ငါကြောက်လာပြီ………..
ငါတို့လက်တွေ……မခိုင်မြဲဘဲ………..လေထဲမှာလွတ်ကျသွားမှာအရမ်းကြောက်တယ်

P.S ငါနင့်ကိုအရမ်းချစ်တယ်…….

In: ကဗျာ Posted By: Date: Aug 19, 2011
Comment #1

ဘာသာမတူဘူးတဲ့….
ကျွန်တော့်သူငယ်ချင်း2ယောက်နဲ့အဖြစ်ကတူနေပြန်ပြီးးးး
အမှန်တော့…ချမ်းချမ်းသီချင်းလိုပါပဲ
တကယ်ဆိုရင်အချစ်ပဲလိုတာပါ။

commentinfo By: poem.poem28 at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment