Professional Authors

အဖြစ်က…..မနှစ်ကနဲ့မတူ

ဘာကြီးပါ  ညာကြီးပါနဲ့
ငါ့ရင်ခွင်ကို  လာလာမြည်းတာ…
အသည်းတစ်ခြမ်းလည်း
အခုဆို…တစ်စစီလိုက်ကောက်နေရပြီ
ဝမ်းနည်းတိုင်း  ရင်ခွင်ကိုလာလာခိုတော့
ငါ့ရင်ဘတ်…စုတ်စုတ်လေးလည်း 
ပုလဲတွေသီထားရပြီပေါ့
မင်းပျင်းရင်  ထန်းလျက်ဘူးလေးလှုပ်တာနဲ့
အမြီးယှမ်း…လာတတ်တဲ့ခွေးတစ်ကောင်လို
ငါ့အဖြစ်က
ပေါသွားတာလား ×××

မ ပူ ပါ နဲ့ ——- 

ငါ့ အ သည်း ကို အုတ် မြစ် ထား တည် ဆောက် ခဲ့ တဲ့

မင်း..ဘ..ဝ..လေး..အ..ခြေ..ခိုင်..မှာ..ပါ

ငါ့ မျက် ရည် တွေ နဲ့ စ တေး ထား တဲ့

မင်း..မာ..ယာ..ကြာ..ကြာ..အ..ရောင်..လက်..မှာ..ပါ

ငါ့ ဘ ဝ နဲ့ ရင်း ပြီး ထု ဆစ် ခဲ့ တဲ့

ကြွေ..ရုပ်..လေး..တစ်..ရုပ်..ထာ..ဝ..ရ..တန်..ဖိုး..မြင့်..နေ..မှာ..ပါ ×××

ပိတောက်တွေ  အချိန်မမှန်တော့ပေမယ့်

ဒီကောင့်ရင်မှာတော့…မင်းကိုဆက်သဖို့…အချစ်တွေ…အချိန်မှန်မှန်ပွင့်နေတယ်

အယူခံဝင်မရတဲ့

အလွမ်းတွေကတော့

ချောင်ဆင်းရဲတစ်ခုမှာ…ငုတ်တုတ်လေးပေါ့  ။ ။ ။

 

16th August,2011.

2:30 AM

 


 

 

In: ကဗျာ Posted By: Date: Aug 17, 2011
Comment #1

“ငါ့ အ သည်း ကို အုတ် မြစ် ထား တည် ဆောက် ခဲ့ တဲ့

မင်း..ဘ..ဝ..လေး..အ..ခြေ..ခိုင်..မှာ..ပါ

ငါ့ မျက် ရည် တွေ နဲ့ စ တေး ထား တဲ့

မင်း..မာ..ယာ..ကြာ..ကြာ..အ..ရောင်..လက်..မှာ..ပါ

ငါ့ ဘ ဝ နဲ့ ရင်း ပြီး ထု ဆစ် ခဲ့ တဲ့

ကြွေ..ရုပ်..လေး..တစ်..ရုပ်..ထာ..ဝ..ရ..တန်..ဖိုး..မြင့်..နေ..မှာ..ပါ ×××´´
………… အဲနေရာလေး ထိမိတယ်ဗျာ ………..

commentinfo By: linlatarkar at Aug 17, 2011
Comment #2

ဘာကြီးပါ ညာကြီးပါနဲ့
ငါ့ရင်ခွင်ကို လာလာမြည်းတာ…
အသည်းတစ်ခြမ်းလည်း
အခုဆို…တစ်စစီလိုက်ကောက်နေရပြီ
ဝမ်းနည်းတိုင်း ရင်ခွင်ကိုလာလာခိုတော့
ငါ့ရင်ဘတ်…စုတ်စုတ်လေးလည်း
ပုလဲတွေသီထားရပြီပေါ့
….
ကြိုက်တယ်ဗျာ….ဒီလောက်ပဲပြောခဲ့မယ်..ဖြစ်တယ်မှတ်လား?

commentinfo By: အသဲကွဲမိုး at Aug 17, 2011
Comment #3

ငါ့ အ သည်း ကို အုတ် မြစ် ထား တည် ဆောက် ခဲ့ တဲ့

မင်း..ဘ..ဝ..လေး..အ..ခြေ..ခိုင်..မှာ..ပါ
အဲ့နေရာ အကြိုက်ဆုံးဘဲ

commentinfo By: မုဆိုး at Aug 17, 2011
Comment #4

ဘာကြီးပါ ညာကြီးပါနဲ့
ငါ့ရင်ခွင်ကို လာလာမြည်းတာ…
အသည်းတစ်ခြမ်းလည်း
အခုဆို…တစ်စစီလိုက်ကောက်နေရပြီ
ဝမ်းနည်းတိုင်း ရင်ခွင်ကိုလာလာခိုတော့
ငါ့ရင်ဘတ်…စုတ်စုတ်လေးလည်း
ပုလဲတွေသီထားရပြီပေါ့
goodတယ်ဗျာ…
အားပေးသွားပါတယ်။

commentinfo By: pome.poem28 at Aug 17, 2011
Comment #5

ပိတောက်တွေ အချိန်မမှန်တော့ပေမယ့်

ဒီကောင့်ရင်မှာတော့…မင်းကိုဆက်သဖို့…အချစ်တွေ…အချိန်မှန်မှန်ပွင့်နေတယ်

အယူခံဝင်မရတဲ့

အလွမ်းတွေကတော့

ချောင်ဆင်းရဲတစ်ခုမှာ…ငုတ်တုတ်လေးပေါ့ ။ ။ ။

……….ကောင်းတယ်ဗျာ ……..အားပေးသွားပါတယ်……..X-Yay ရေ………

commentinfo By: sitayenyein at Aug 17, 2011
Comment #6

ငါ့ မျက် ရည် တွေ နဲ့ စ တေး ထား တဲ့

မင်း..မာ..ယာ..ကြာ..ကြာ..အ..ရောင်..လက်..မှာ..ပါ

လန်းတယ်ဗျာ
အရေးအသားအရမ်းမိုက်တယ်…..

commentinfo By: လွမ်းနောင် at Aug 17, 2011
Comment #7

X-ray တို့ကတော့ရေးလိုက်ရင်လန်ထွက်နေတာပဲ .. လူဆိုးအားပေးသွားပါတယ်အကို ..။

commentinfo By: chityellusoelay at Aug 17, 2011
Comment #8

အယူခံဝင်မရတဲ့

အလွမ်းတွေကတော့

ချောင်ဆင်းရဲတစ်ခုမှာ…ငုတ်တုတ်လေးပေါ့ ။ ။ ။

commentinfo By: May Kha at Aug 17, 2011
Comment #9

ဆရာမလေး အသဲကွဲမိုး ဒီလောက်ဘဲပြောခဲ့လည်း ရပါတယ်ဗျ ဖတ်ရှုတာနဲ့တင်ကျေးဇူးတင်နေပါပြီ အားပေးသွားတဲ့ linlatarkar ၊ အသဲကွဲမိုး ၊ မုဆိုး ၊ genius ၊ စစ်အေးငြိမ်း ၊ လွမ်းနောင် ၊ လူဆိုး ၊ မေခ တို့အားလုံးကို ကျေးဇူး အများကြီး အများကြီး တင်ပါတယ် ။

commentinfo By: X - ray at Aug 17, 2011
Comment #10

har,,,,,,,,,
a yan kyike de,
a yan kyike de,

commentinfo By: ei lay at Aug 18, 2011
Comment #11

အားပေးတဲ့ မအိလေး ကျေးဇူးပါဗျာ ။

commentinfo By: X - ray at Aug 19, 2011
Comment #12

ကဗျာလေး တော်တော်လေး အရေးအသားမိုက်ပါတယ်..
အားပေးသွားပါတယ်နော်…

commentinfo By: ဖြိုးဖြိုးဂျူလှိုင် at May 16, 2012
Comment #13

read again & again

commentinfo By: ei lay at May 17, 2012
Comment #14

har .. very very good.

commentinfo By: cynthia at May 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment