Professional Authors
သူ ငါ့  ကို သတိရ ရဲ့ လား
မနက်မနီူးခင်ကတည်းက
တံခါးခေါက်ပြီး မေးသွားတာ
အမေးရှိမှတော့ အဖြေကရော..
ခိုးရာလိုက်သွားတဲ့ ဘောင်းဘီ
အိပ်ကပ်ထဲ ပါသွားရော့ လား..
ပျင်းရီပျင်းတွဲ ရွှာနေတဲ့ 
မိုးစက်တွေကြား ထိုင်ဆွေးနေတာများလား
ဟင့်…အင်း…
ခေါင်းငိုက်စိုက် လမ်းမပေါ်သူများပြေးလွားနေမလားလို့ …
သောက်လက်စ လက်ဘက်ရည်ထဲ
ခဏခဏ အရသာခံ ကြည့်တယ်တော့လည်း
သူရှိမနေ ပြန်ဘူး…
ခပ်ကျပ်ကျပ် ဘက်စ်ကားတစ်စီးပေါ်
ဟင့်…အင်း…
သူ ဘက်စ်ကား ကျပ်ကျပ်တွေ ကို
စိတ်ဆိုးနေတယ်လို့ ပြောဘူးတယ်
နေလည်စာများ စားနေ ရော့ မလား
သူနေလည်စာ စာကျင့်မရှိမှန်းသိလို့ 
စိမ်းကားနေတဲ့ နေလည်စာကို
တံတွေးသာ မြိုကာချ
မှောင်နေတဲ့  ညနေခင်းမှာ
ကွက်ကျား အလင်းရောင်ရှိရာ သူများ လာလေမလားလို့ 
ညနေခင်းကို မီးစာညှိ နေတုန်းပဲ
သူဆီက ဖုန်းဝင်လာတယ်
ကျွန်တော်သူကို သတိရတယ်တဲ့လေ…..။……။(လုလင်ငယ်သွေး)
In: ကဗျာ Posted By: Date: Aug 14, 2011
Comment #1
တကယ်ကြိုက်တယ် .. ။ ကောင်းပါပေတဲ့ အရေးအသား ။
commentinfo By: ထူးဝေ at Aug 14, 2011
Comment #2
ခိုးရာလိုက်သွားတဲ့ ဘောင်းဘီ
ခပ်ကျပ်ကျပ် ဘက်စ်ကားတစ်စီး စကားလုံးသုံးနှုန်းထားပုံက မိုးအေးအေးလေးမှာ ကော်ဖီပူပူတစ်ခွက်သောက်လိုက်ရသလို အရသာရှိတယ်ဗျ ။ ကလောင်စွမ်းထက်ပါပေတယ် ဖတ်ရှုအားပေးသွားပါတယ် ။
commentinfo By: X - ray at Aug 14, 2011
Comment #3
hote…remember so much,
he,,he,,
commentinfo By: ei lay at Aug 14, 2011
Comment #4
ဘောင်းဘီက တကယ်အခိုးခံလိုက်ရတာဗျ။။။။။ ဟီး
အားလုံးကိုကျေးဇူးတင်ပါသည်
Comment #5
အားပေးသွားပါတယ်ရှင်
commentinfo By: ဇလပ်ဖြူ at Aug 14, 2011
Comment #6
အိုးအမောင်လုလင် … လူဆိုးအားပေးသွားတယ်နော် 😛
commentinfo By: chityellusoelay at Aug 14, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment