Professional Authors

ခံပြင်းတယ်

ငါ့အနွံတာခံမှုတွေက
တစ်ချိန်မှာအမှိုက်ဖြစ်သွားမယ်  မထင်ထားမိဘူး…..

မင်းလဲကျခိုက်
ကမ်းပေးတဲ့လက်
ရိုက်ချခံရလိမ့်မယ်  မထင်ထားမိဘူး…..

မင်း အမြင့်ကြိုက်မှန်းသိလို့
ငါ့နှလုံးသား
လှေကားထစ်ဖြစ်ပေးခဲ့တာ
ရင်ခွင်စိမ်းဆီတိုးဝင်ဖို့ လို့  မထင်ထားမိဘူး…..

မင်းလျှောက်လှမ်းချိန်
မယိုင်လဲအောင်
“ထောက်” လိုဖေးကူပေးခဲ့တာ
တစ်ချိန်မှာရိုက်ချိုးခံဖို့ လို့  မထင်ထားမိဘူး…..

မင်းငိုနေချိန်
အဖော်ပြုပေးခဲ့တဲ့
ငါ့မျက်ရည်တွေ
တစ်ချိန်မှာ
ခြေဆေးပစ်လိမ့်မယ်  မထင်ထားမိဘူး…..

တစ်ခြားရင်ခွင်မှာ
မင်းအပြုံးတွေ
လူးလွန့်နေချိန်…
…ငါ့ရင်ခွင်မှာ
မျက်ရည်တွေတောင်ပံဖြန့်ခဲ့တာ
မင်းသိဖို့…မတန်ဘူး

မင်းတကယ်မချစ်ရင်
နောက်တစ်ခါရင်မခုန်မိအောင်
ကျေးဇူးပြုပြီး…..တစ်ခါတည်းအသေသတ်သွားပါ
မသေမရှင်  မျှင်း…..သတ်နေတာ
ငါ ခံ ပြင်း လွန်း တယ်….. ။

6th October, 2011.
3:30 PM


In: ကဗျာ Posted By: Date: Aug 9, 2011
Comment #1

i agree with u,

commentinfo By: ei lay at Aug 9, 2011
Comment #2

ကောင်းတယ်ဗျာ …လန်ထွက်နေတာပဲ ..ကြိုက်တယ် ..
လူဆိုးအားပေးသွားတယ်အကို .. X-ray… 😛

commentinfo By: chityellusoelay at Aug 9, 2011
Comment #3

ကောင်းတယ်ဗျို့ … ပေါ်လွင်တယ်…ရှင်းပြတ်ထိမိတဲ့ နှိုင်းယဉ်မှုလေး…

အားပေးလျှက်
မေသူ

commentinfo By: MayThu at Aug 14, 2011
Comment #4

အားပေးသွားတယ်ဗျို့ 
ငါ့အနွံတာခံမှုတွေက
တစ်ချိန်မှာအမှိုက်ဖြစ်သွားမယ် မထင်ထားမိဘူး…..
မိုက်တယ် ဗျာ

Comment #5

အားပေးသွားတဲ့ အိလေး ၊ လူဆိုး ၊ မေသူ ၊ လုလင်ငယ်သွေး senior များအားလုံးကို ကျေးဇူး အများကြီး အများကြီးတင်ပါတယ် ။ကျွန်တော့ ကဗျာလေးကို ဖတ်ရှုသူ မဖတ်ရှုရသေးသူ အားလုံး စိတ်နှလုံး ချမ်းမြေ့ပါစေ ။

commentinfo By: X - ray at Aug 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment