Professional Authors

ကောင်မလေးသိစေဖို့

ကောင်မလေးရေ

အလွမ်းတွေက ငွေ့ရည်ဖွဲ့

မျှော်လင့်ခြင်းတိမ်တိုက်တွေက မင်းရှိရာဦးတည်

တဖွဲဖွဲစကျလာပြီ ငါ့ရဲ့ကောင်းကင်ထက်

သမုဒယပျိုးပင်လေးတွေ မင်းစိုက်ပျိုးခဲ့တာလားကွာ ။

 

ကောင်မလေးရေ

ပျော်ဝင်လာတဲ့ အချိန်တွေထဲ

ဆေးမတိုးတော့တဲ့ ငါ့ဝေဒနာ

မီးစာကုန်ဆီမခန်းတဲ့ အချစ်တွေရှိနေသေးသ၍

မင်း ယုံကြည်ဖို့တော့ အချိန်တွေ ငါမခိုးယူခဲ့ဘူးနော် ။

 

ကောင်မလေးရေ

ခပ်တိမ်တိမ်အတွေးနဲ့လူ

နှလုံးသားကတော့ လတ်ဆတ်တယ်

အိပ်မက်တွေကို ဈေးကွက်တင်ရောင်းချရင်း

တွေးခေါ်မြော်မြင်မှုတွေကတော့ ခုထိ အဖျားတက်နေလေရဲ့ ။

 

ကောင်မလေးရေ

ငါရှင်သန်တာ အခမဲ့နေထိုင်ခွင့်တစ်ခု

အပိုဆုကလေးကတော့ မင်းကိုချစ်ခွင့်

တစ်စောင်ပဲထိုးပြီး ထပေါက်တဲ့ ထီလက်မှတ်လို

ပိုင်ဆိုင်ခွင့်အတွက် ထိုင်ဆုတောင်းရတာ နေ့တိုင်းဖြစ်နေပြီ ။

 

ကောင်မလေးရေ

မင်းရွတ်ဆိုနေတာ ကျိန်စာမဟုတ်ဘူး

ငါတို့ဝေးကွာနေတာဟာ တစ်ကမ္ဘာမဟုတ်ဘူး

ချစ်ခြင်းတရားရဲ့ တစ်ဖက်ခြားမှာသာ

ငါရပ်စောင့်နေရတာပါ ။ ။

In: ကဗျာ Posted By: Date: Aug 8, 2011
Comment #1

ကိုမိုးလူ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 8, 2011
Comment #2

nice.
right.

commentinfo By: ei lay at Aug 8, 2011
Comment #3

အားပေးသွားပါသည်

Comment #4

again…
ngar doe way kwar nay tar har ta ka bar m hote bu.

commentinfo By: ei lay at Aug 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment