Professional Authors

မေ့တာလေးက ကောင်းပါတယ်(genius)

တစ်နေ့နေ့များ
သူ ရောက်လာမလား…
မျှော်နေမိတာ
“ငါ” မေ့မရတဲ့ အကျင့်တစ်ခု။

စနေနေ့တိုင်း
လုပ်နေကြအလုပ်တစ်ခု
အဲဒါလည်း…
“ငါ” မေ့မ၇တဲ့အကျင့်တစ်ခု။

နင်နဲ့ပတ်သက်ပြီး
ပျောက်ဆုံးသွားမယ့်အရာတွေ
သိမ်းထားနေမိတာ
“ငါ” မေ့မရတဲ့အကျင့်တစ်ခု။

မင်းအနားက
ဖယ်ခွာသွားဖို့..
“ငါ” မေ့နေတဲ့အကျင့်တစ်ခု။

မင်းကိုမေ့ဖို့…
“ငါ” မေ့နေတဲ့အကျင့်တစ်ခု။

မင်းကို မလွမ်းဖို့…
“ငါ” မေ့နေတဲ့အကျင့်တစ်ခု။

အော်….ဒါနဲ့
သူထားခဲ့တယ်ဆိုတာကိုလည်း
ကျွန်တော်….
မေ့နေပါတယ်။

In: ကဗျာ Posted By: Date: Jun 9, 2011
Comment #1

သူထားခဲ့တယ်ဆိုတာကိုလည်း
ကျွန်တော်….
မေ့နေပါတယ်။………………
ခံစားအားပေးသွားတယ်မောင်လေး

commentinfo By: အသဲကွဲမိုး at Jun 9, 2011
Comment #2

အော်….ဒါနဲ့
သူထားခဲ့တယ်ဆိုတာကိုလည်း
ကျွန်တော်….
မေ့နေပါတယ်။
အားပေးသွားတယ် သူငယ်ချင်း………..။

Comment #3

အားပေးတဲ့မောင်နှမများ ကျေးဇူးတင်ပါတယ်။

commentinfo By: poem.poem28 at Jun 10, 2011
Comment #4

ကိုယ့်အတွက်အကျင့်ကောင်းပဲဆက်ထိမ်းထား…..
စတာနော်မကောင်းဘူး…..။
အားပေးသွားပ်ါတယ်….။

commentinfo By: ချမ်းငြိမ်းအောင် at Jun 22, 2011
Comment #5

အော်….ဒါနဲ့
သူထားခဲ့တယ်ဆိုတာကိုလည်း
ကျွန်တော်….
မေ့နေပါတယ်
ဒါလည်းတစ်မျိုးကောင်းပါတယ်…အမေ့ကောင်းလေးပါပဲ

commentinfo By: maypoe at Jul 5, 2011
Comment #6

so nice,
meaningful.

commentinfo By: ei lay at Dec 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment