Professional Authors

ပိုးလိုးပက်လက်အလွမ်းတစ်စုံ မြုပ်နှံခြင်း

သေ .. ချာ .. ခဲ့ .. ပြီ

လေးလံလွန်းတဲ့ အာရုံတွေ ပင့်ထမ်းရင်း

ခြေလှမ်းတစ်စုံက ဆွံ့အ

ခဏခဏကွဲရှတတ်တဲ့ ခံနိုင်ရည်တွေလဲ ခုတော့..

ငါမသိပဲ စီးဆင်းထွက်ခွာနေကြတယ်။

ငါ ဟာ…..

အတောင်ပံမရှိတဲ့ ငှက်

မသိချင်ယောင်ဆောင်လိုက်တိုင်း

သိမ်ငယ်မှုတွေ တနင့်တပိုးပေါ့

စာနာမှုတွေ ပျံဝဲလာမယ်ဆို.. ခုတော့ ။

ငါဟာ….

စားသုံးဖို့မသင့်တဲ့ ရက်လွန် သစ်သီးတစ်လုံးလား

ဖျက်ရာများ ကာရန်မလှတဲ့ ကဗျာတစ်ကြောင်းလား

အဝေးက ကောင်းကင်ကြီးကတော့ မှိုင်းပျ

ငါ့ကောင်းကင်ကြီးကရော…။

ငါ့ကိုယ်ငါ မြုပ်နှံပါရစေ

လွင့်မျောနေတဲ့ တိမ်တွေအဖော်ပြု

မိုးကုပ်စက်ဝိုင်း ခရီးစဉ်တစ်ခုနဲ့

အရာရာ အရင်အတိုင်း နေရာချနိုင်ဖို့

ခဏတစ်ဖြုတ်ပဲဖြစ်ဖြစ်ပေါ့

ငါ့ကိုယ်ငါ မြုပ်နှံပါရစေ ။ ။

In: ကဗျာ Posted By: Date: Aug 5, 2011
Comment #1

ဝင်ရောက်အားပေးသွားပါသည်

Comment #2

အားပေးသွားပါသည်

commentinfo By: အသဲကွဲမိုး at Aug 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment