Professional Authors

အတိတ်အိမ်မက်

ပဉ္စလက်ဆန်ဆန်ပွဲမှာ

အကြင်နာတွေနဲ့ပဲ

ပက်လက်လန်ကွဲသွားတယ်

မနက်ဖြန်တွေခါးသွားလို့

အိမ်မက်ကို ပြိုလဲစေတယ်

မေ့နိုင်ပါရစေ ….. ။

 

နက္ခတ်တွေပြောင်းပြန်လည်

အနာဂတ်တွေ ကောက်ကြောင်းလွဲလို့

သံယောဇဉ်တွေ ကြွေကျသွားတယ်

အချစ်ကတော့ ပုံပြင်ထဲမှာကျန်ခဲ့လေရဲ့

သို့…. ချစ်ရပါသောချစ်သူ

ကတိတွေပြန်မြိုချထားလိုက်ပါတယ် …. ။

 

ပန်းတွေဖူးတော့ လွမ်းမိရဲ့

မိုးတွေညိုတိုင်းသတိရပြန်ရော

သေချာတယ်

အချစ်နဲ့သဘာဝတရားမဆိုင်တာ

ရင်ထဲမှာလှိုင်းထတိုင်း ငလျှင်လှုပ်ရင်

ကမ္ဘာမြေကြီးကျန်ပါဦးမလားနော် ….. ။

 

တချိန်က ရေးခဲ့တဲ့အရုပ်

ခုတော့ နှုတ်ယူသွားသလို

ကံဆရာရဲ့ ဆွဲလေရာမှာ

နှလုံးသားလေးက ကကြိုးပေါ့

အရုပ်ဆိုးဆိုးနာကျင်သွားတော့

ကဗျာတွေရင်ထဲကထွက်လာခဲ့တယ်

မတ်မိနေတုန်း အတိတ်တစ်ခုရဲ့ အိမ်မက် ……. ။

In: ကဗျာ Posted By: Date: Aug 5, 2011
Comment #1

nice poem.

commentinfo By: eilay at Aug 5, 2011
Comment #2

အတိတ်အိမ်မက်လေး အားပေးသွားပါတယ်ဗျာ

commentinfo By: moehtetaung18 at Aug 5, 2011
Comment #3

ဝင်ရောက်ခံစားသွားပါသည်

Comment #4

.အားပေးသွားပါတ.ယ်

commentinfo By: အသဲကွဲမိုး at Aug 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment