Professional Authors

အလွမ်း .. ( လူဆိုး )

တစ်နေ့လုံးခွဲခွာ အလုပ်ထဲမှာစိတ်ကိုနှစ်လို့
လစ်ဟာချိန်တောင်မရှိတဲ့ ငါ့အတွက်
တစ်ရက်တာရဲ့အဆုံး နေလုံးကြီးပျောက်ကွယ်လို့
၆း ၃၀ ဆိုတဲ့ အချိန်တင်းတင်းပြည့်မှ
ချစ်သူကို တင်းပြည့်ကျပ်ပြည့် လွမ်းခွင့်ရတာပါ … ။။
ကောင်းကင်မှာ ညအခါ လသာခဲ့ပေမဲ့
ငါ့ရင်ထဲမှာတော့ အလွမ်းဆိုတဲ့ တိမ်တိုက်တွေက
အပြည့်အနှက် ဖုံးအုပ်ထားတယ် ..ချစ်သူ ..။။
တောက်ပတဲ့ကြယ်စင်တွေ လင်းလက်
ညည့်နက်သန်းခေါင်ယံအချိန်မှာပေါ့
လမင်းကြီးရဲ့အပြုံးကို ထိုင်ငေးရင်း
အဝေးတစ်နေရာဆီက ချစ်တဲ့သူဆီကိုမျှော်မှန်း
အလွမ်းကဗျာလေးတွေရေးစပ်ပြီး
အားငယ်တဲ့စိတ်တွေကိုဖြေဖျောက် ချစ်သူကိုတမ်းတလို့
မပျက်ကွက်တဲ့ သတိရခြင်း ချစ်တဲ့သူဆီအပ်နှင်းပါတယ် …
ကျေနပ်စွာနဲ့လက်ခံယူပေးပါ … ချစ်တဲ့သူ

In: ကဗျာ Posted By: Date: Jul 27, 2011
Comment #1

အော်…………လွမ်းပြန်ပီ .. 😛
ကောင်းပါတယ်………. ဆက်ရေးပါ………

commentinfo By: May Kha at Jul 27, 2011
Comment #2

😛

commentinfo By: chityellusoelay at Jul 27, 2011
Comment #3

တောက်ပတဲ့ကြယ်စင်တွေ လင်းလက်
ညည့်နက်သန်းခေါင်ယံအချိန်မှာပေါ့
လမင်းကြီးရဲ့အပြုံးကို ထိုင်ငေးရင်း
အဝေးတစ်နေရာဆီက ချစ်တဲ့သူဆီကိုမျှော်မှန်း…
ကောင်း၏ ကောင်း၏

commentinfo By: ဖိုးနမ်း at Jul 27, 2011
Comment #4

ဟုတ်ကဲ့ ..ဟုတ်ကဲ့ ..ကိုဖိုးနမ်းရေ ..အရင်တိုင်းပဲဗျို့ …ဟိဟိ

commentinfo By: chityellusoelay at Jul 28, 2011
Comment #5

ညည့်နက်သန်းခေါင်ယံအချိန်မှာပေါ့
လမင်းကြီးရဲ့အပြုံးကို ထိုင်ငေးရင်း
အဝေးတစ်နေရာဆီက ချစ်တဲ့သူဆီကိုမျှော်မှန်း
အလွမ်းကဗျာလေးတွေရေးစပ်ပြီး
အားငယ်တဲ့စိတ်တွေကိုဖြေဖျောက် ချစ်သူကိုတမ်းတလို့
မပျက်ကွက်တဲ့ သတိရခြင်း ချစ်တဲ့သူဆီအပ်နှင်းပါတယ် …
ကျေနပ်စွာနဲ့လက်ခံယူပေးပါ … ချစ်တဲ့သူ

ကောင်းတယ်ဗျာ။
အားပေးပါတယ်။

commentinfo By: yelaylover2010 at Jul 28, 2011
Comment #6

ကျေးဇူးပါပဲခင်ဗျာ … 😀

commentinfo By: chityellusoelay at Jul 28, 2011
Comment #7

အားပေးနေပါတယ်…အလွမ်းရေ..၊ အဲ လူဆိုးရေ…..။

Comment #8

ကျေးဇူးပါပဲရှင် ..အဲလေ ..ခင်ဗျာ … 😛

commentinfo By: chityellusoelay at Jul 28, 2011
Comment #9

ကဗျာလေး ဖတ်လို့ကောင်းတယ် တစ်ခါ တစ်ခါတော့လည်း သတိရတာတွေ များလာရင် အလွမ်းတွေဖြစ်လာတယ် ထင်ပါရဲ့ဗျာ။

commentinfo By: X - ray at Jul 28, 2011
Comment #10

ဟုတ်တယ်အကို …သတိရတာတွေထိန်းလို့မရတဲ့အခါ ..အလွမ်းပေါ့ ..
အဲဒါကလဲချစ်လို့ပဲပေါ့ဗျာ … ကျေးဇူးတင်ပါတယ်အကို .. 😛

commentinfo By: chityellusoelay at Jul 28, 2011
Comment #11

မပျက်ကွက်တဲ့ သတိရခြင်း ချစ်တဲ့သူဆီအပ်နှင်းပါတယ် …
ကျေနပ်စွာနဲ့လက်ခံယူပေးပါ … ချစ်တဲ့သူ..။
ဟုတ်လှချည်လား…။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #12

ချစ်လဲကို့ကို လွမ်းတာပါပဲနော် ..

commentinfo By: zinchit at Aug 3, 2011
Comment #13

လွမ်းတယ်ချစ်သူရယ် .. ပြန်တွေ့တဲ့တစ်ရက်ကျမှ ပိုတိုးပြီးချစ်ပြမယ် ..
စောင့်နေနော် ..ချစ်သူ … 🙂

commentinfo By: chityellusoelay at Aug 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment