Professional Authors

ချစ်သူနဲ့တွေ့တဲ့အခါ .. ( လူဆိုး )

ချစ်သူနဲ့တွေ့တဲ့အခါ  …
ကောင်းကင်ကြီးကိုငေး..မြက်ခင်းစိမ်းပေါ်ထိုင်ရင်းနဲ့
ပန်းပွင့်တွေရဲ့အကြောင်း သတင်းကောင်းပေးနေတဲ့
ငှက်ကလေးတွေရဲ့ တေးနဲ့  ချစ်ခြင်းဖွဲ့ကဗျာတွေ..ရေးမယ်…။
အဲဒီ့ ကဗျာလေးတွေထဲမှာ  နာကျင်စရာ..ဝေးပြီး
တစ်ယောက်ကို တစ်ယောက် ဖြေသိမ့်ပေးမယ့်
စာသားလှလှလေးတွေ ပါမယ်……။
အခက်အခဲတွေကို အတူတူလက်တွဲလို့
ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အားတက်စရာ
စကားအလင်္ကာလေးတွေ ပါမယ်……..။
နောင်လာမဲ့မနက်ခင်းတိုင်းမှာ..ငြိမ်းချမ်းစွာနိုးထပြီး
လေပြေညင်းလေးရဲ့ ဂီတသံကိုနားဆင်ရင်း
အထီးကျန်မှုတွေကိုဖယ်ရှား ချစ်သူအနားနေလို့
ဒါဟာလည်း  .. ချစ်သူပေးတဲ့ ဘဝရဲ့အေးချမ်းမှုပဲလေ ..။
ချစ်သူနဲ့တွေ့တဲ့အခါပေါ့ … ခုတော့ …..

In: ကဗျာ Posted By: Date: Aug 5, 2011
Comment #1

shin taw taw chit tat tar pe naw.
ta ke hote ma hote dot ma ti bu.
yae like tine dot heart hti de.
taw taw lay ko chwe tat de.

commentinfo By: eilay at Aug 5, 2011
Comment #2

လူဆိုးကမချွဲတက်ပါဘူးဗျာ … ချစ်တာပါ .. လို့ >>> 🙂

commentinfo By: chityellusoelay at Aug 5, 2011
Comment #3

ချစ်သူနဲ့တွေ့တဲ့အခါပေါ့ … ခုတော့ …..

Comment #4

ဟုတ်တယ်ဗျာ .. အဲလိုလေးတွေက ချစ်သူနဲ့တွေ့မှရမှာလေ ..
ခုတော့ ..ခုတော့ဝေးနေရတယ်ဗျာ … 🙁

commentinfo By: chityellusoelay at Aug 6, 2011
Comment #5

Ei lay ပြောတာအမှန်ပဲ … လူဆိုးတော်တော်ချွဲတက်တာပဲ ..လွန်လွန်းတယ် ..

commentinfo By: သက်ထား at Aug 7, 2011
Comment #6

အမ် ..မချွဲပါဘူးဆိုနေ …ဆိုနေ …ဟိဟိ

commentinfo By: chityellusoelay at Aug 7, 2011
Comment #7

😛
😛
😛
😛
😛

commentinfo By: ei lay at Jul 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment